ကျောက်ဖြူတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး AA ကို ထိုးစစ်ဆင်သည့် စစ်တပ်စစ်ကြောင်း ၂ ကြောင်း ရှေးမတိုးနိုင်ဘဲ နောက်ဆုတ်ရ

ကျောက်ဖြူတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး AA ကို ထိုးစစ်ဆင်သည့် စစ်တပ်စစ်ကြောင်း ၂ ကြောင်း ရှေးမတိုးနိုင်ဘဲ နောက်ဆုတ်ရ
Photo - CJ
Photo - CJ

ရခိုင်ပြည်၊ကျောက်ဖြူမြို့ပြင်ဘက်တွင်အာရက္ခတပ်တော် (AA) အား ထိုးစစ်ဆင်နေသည့် အကြမ်းဖက် မြန်မာစစ်တပ်မှ အင်အား ၃၀၀ ခန့်ပါသော စစ်ကြောင်းကြီး ၂ ကြောင်းသည် ရှေ့မတိုးနိုင်ဘဲ နောက်ဆုတ်နေရသည်ဟုသိရသည်။

၎င်းစစ်ကြောင်းကြီး ၂ ကြောင်းမှာ ကြတ္တိန်ကျေးရွာဘက်ကို ထိုးတက်လာသော စစ်ကြောင်းနှင့် မင်းတက်တောင်ကို တက်လာသည့်စစ်ကြောင်းဖြစ်သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကို ပြောသည်။

“မနေ့ညက မနက်ကတည်းကနေသပြုတောင်ကနေကြတ္တိန်ကျေးရွာဘက်ကိုတက်လာတာ။ တိုက်ပွဲ အပြင်းအထန်ဖြစ်တယ်။ ညနေဖက်ရောက်တော့ ကြတ္တိန်ဖက်ကနေ သပြုတောင်ဖက်ကို ပြန်ဆုတ်သွားပြီး တိုက်ပွဲကဆက်ဖြစ်နေတယ်” ဟုပြောသည်။ 

ရှေ့တိုးလာသောစစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော်မှ လက်နက်ကြီး အာပီဂျီနဲ့ ကြားဖြတ် တိုက်ခိုက်မူကြောင့် တိုက်ပွဲပြင်းထန်ကာ ညနေပိုင်းတွင်သပြုတောင်ကျေးရွာဖက်သော ပြန်လည်

နောက်ဆုတ်ပြီး တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားသေးသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အလားတူ ရဲတပ်ရင်း (၃၂) နှင့် ပြိုင်းစေ့ကေရွာမှ အင်အား ၃၀၀ ခန့်ရှိသော စစ်ကြောင်းတစ်ကြောင်းသည် မင်းတက်တောင်ကျေးရွာဖက်သို့ ချီတက်လာရာ အာရက္ခတပ်တော်က ကြားဖြတ် တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်ကာ ရှေ့မတိုးနိုင်ဘဲဖြစ်နေသည်ဟု ၎င်းမြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“သူတို့က ညနေဖက်တက်လာတာပါ။ AA ကတော့ အသင့်ရှိတယ်။ မင်းတက်တောင်နဲ့ ပြိုင်းစေ့ကေ ကြားမှာ ပွဲဖြစ်တယ်။ သူတို့ဖက်က အကျဆုံးများပုံရတယ်။ ရှေ့မတိုးနိုင်ဘူး။”

စစ်ကောင်စီသည် မင်းတက်တောင်ကျေးရွာ စိုက်ပျိုးရေးသင်တန်းကျောင်းဖက်သို့ စစ်ကြောင်းချီတက်လာပြီး ၎င်းစစ်ကြောင်းကို ရဲတပ်ရင်းမှ လက်နက်ကြီး ဒရုန်းပစ်ကူပေး တိုက်ခိုက်မှုကြောင့် စိုက်ပျိုးရေးသင်တန်းကျောင်းနှင့် မင်းတက်တောင်ကျေးရွာနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟုလည်း သူက ပြောသည်။ 

အကြမ်းဖက်စစ်တပ်သည်  ကြေး၊ရေ၊လေအကူဖြင့် AA အား ထိုးစစ်ဆင်နေရာတွင်စစ်ကြောင်း လေးကြောင်းထိ ရှိသည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ်တွင် မလကျွန်းစစ်ကြောင်း၊ ရဲတပ်ရင်း ၃၂ စစ်ကြောင်း၊ သပြုတောင်စစ်ကြောင်းနှင့် သစ်ပုတ်တောင် ရေတပ်ဌာနချုပ်အနီးရှိ စစ်ကြောင်းတို့ဖြစ်ပြီး ကျောက်ဖြူတိုက်ပွဲမှာ နေ့စဉ်နေ့ တိုင်းပြင်းထန်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။

လိပ်ခမော်ကျေးရွာမှ ရခိုင်ပြည် ပြင်ဘက် ရောက်နေသည့် အမျိုးသမီးတစ်ဦးက “ အခု ကျောက်ဖြူ ဖြစ်နေတဲ့ တိုက်ပွဲက ဘယ်အဖွဲ့က နိုင်နေတယ်လို့ ပြောလို့မရသေးဘူး။ သူတစ်ပြန် ကိုယ်တစ်ပြန်ဘဲ။ စစ်တပ်က သူတို့ စစ်ကြောင်းထိုးရင် အေအေက နောက်ဆုတ်ပေးတယ်။ အေအေက ပြန်ထိုး စစ်ဆင်ရင် စစ်တပ်က ပြန်နောက်ဆုတ်သွားတယ်။ တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ်။ အဲသလို တိုက်ပွဲဖြစ်နေတော့ ရွာသားတွေ စစ်ဘေးရှောင်ရတာ အရမ်းခက်ခဲနေတယ်” ဟု ပြောသည်။  

Most read this week

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...