လားရှိုးမြို့ မိသားစု ၄လောင်းပြိုင် သေဆုံးမှုဖြစ်

လားရှိုးမြို့ မိသားစု ၄လောင်းပြိုင် သေဆုံးမှုဖြစ်
Photo credit - လူမှုကယ်ဆယ်ရေးအသင်း
Photo credit - လူမှုကယ်ဆယ်ရေးအသင်း

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်နေ့ (သြဂုတ် ၁၀)ရက် ညနေ ၄နာရီဝန်းကျင်၌ မိသားစုဝင် လေးလောင်းပြိုင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 

လားရှိုးမြို့ ရပ်ကွက် (၇)တွင် ယမန်နေ့ (သြဂုတ် ၁၀)ရက် ညနေ ၄နာရီ ဝန်းကျင်တွင် မိခင်ဖြစ်သူ အပြင်သွားနေစဉ် ဖခင်နှင့် ကလေး ၃ဦးသည် ကြွက်သတ်ဆေး သောက်ဆုံးခဲ့ပြီး၊ လေးဉီးစလုံးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့ခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“သူ့မိန်းမကတော့ အစောကြီး တောင်ယာသွားလိုက်တာ။ကြွက်သတ်ဆေးကြောင့် ကလေး ၃ ယောက်နဲ့ အဲ့ကလေးရဲ့ အဖေကတော့ ဆုံးသွားတယ်။ အကြွေးကိစ္စနဲ့လိုတော့ ပြောကြတာတယ်”ဟု လားရှိုးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

ထိုသေဆုံးသွားသည့် ကလေး ၃ ဦးသည် အသက် ၁၂ နှစ်အရွယ်၊ ၁၀ နှစ်အရွယ် နှင့် ၈ နှစ်အရွယ်ဝန်းကျင် ဖြစ်‌ကြောင်း သိရသည်။

လားရှိုးမြို့သည် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် စစ်ရေးပဋိပက္ခကြုံတွေ့နေရသည့် မြို့ဖြစ်ပြီး၊ စစ်ရေးဒဏ်ကြောင့် လားရှိုးမြို့ခံများ လုပ်ငန်းကို ကောင်းမွန်စွာ မလည်ပတ်နိုင်သေးဘဲ စားဝတ်နေရေးအတွက် အကြပ်အတည် ဖြစ်ပွားနေသေးသည်။ 

စစ်ကောင်စီတပ်သည် လားရှိုးမြို့ကို ဧပြီ ၂၂ ရက်တွင် ပြန်လည်ဝင်ရောက်ထိန်းချုပ်ခဲ့သော်လည်း လက်ရှိမှာ စစ်ရေးပဋိပက္ခငြိမ်သက်နေသော်လည်း ရှာဖွေစားသောက်မှု ခက်ခဲနေသေးသည်။

April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...
April 10, 2026
စိုင်းခွမ်မိန်း —သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်...
April 9, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင်...
April 8, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့်...