စစ်ကောင်စီ သင်္ဘောတစ်စီး ရခိုင်ကမ်းရိုးတန်းတွင် မီးလောင်ကျွမ်းပြီး နစ်မြုပ်

စစ်ကောင်စီ သင်္ဘောတစ်စီး ရခိုင်ကမ်းရိုးတန်းတွင် မီးလောင်ကျွမ်းပြီး နစ်မြုပ်
Photo Credit - DMG
Photo Credit - DMG

ရခိုင်ကမ်းရိုးတန်းတွင် သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီ သင်္ဘောတစ်စင်းသည် ပင်လယ်ပြင်တွင် ယမန်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားကာ နစ်မြုပ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ သင်္ဘောမှာ ယမန်နေ့ (ဩဂုတ် ၁၀ ရက်)၊ ညနေ ၃ နာရီကျော်တွင် ပင်လယ်ပြင်မှ နေ၍ ရခိုင်- ဧရာဝတီ အစပ်ရှိ ကျောက်ချွန်နှင့် ဘောမိကြားရှိ နေရာများအချို့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် မကြာမီ မီးလောင်ကျွမ်းသွားခဲ့ကြောင့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

မီးလောင်ကျွမ်း၍ တဖြည်းဖြည်း ရေနစ်မြုပ်နေသည့် အဆိုပါသင်္ဘောမှာ ဂွမြို့နယ်၊ ကျွန်းနံ့သာဘက်သို့ ဆက်ရွေ့လျားနေပြီး ကျွန်းနှင့် မီတာ ၆၅၀၀ ခန့် အကွာအဝေးတွင် နစ်မြုပ်ဆဲအနေအထားဖြင့် ဆက်လက် ရှိနေကြောင်း သိရသည်။

“လှမ်းပစ်ရင်းနဲ့ မီးလောင်သွားတာ။ ကြည့်ရတာတော့ ကိုယ့်ဘာသာ ပေါက်ကွဲလို့ လောင်သွားတာလို့ ထင်တယ်။ မီးလောင်ရင်းနဲ့ပဲ ကျွန်းနံ့သာဘက်ကို ရွေ့နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

ယင်းအပြင် မီးလောင်ပြီး ပင်လယ်ပြင်တွင် ဆက်လက်ရွေ့ရာ ဂွမြို့နယ်၊ ကျွန်းနံ့သာအနီးတွင် နစ်မြုပ်သွားကြောင်း ဒေသခံများကပြောသည်။

“ဒီနေဗီသင်္ဘောဟာ သံတွဲဖက်ကနေလာပြီးနောက် ဘောမိဖက်ကို ထပ်ပစ်ခတ်ခဲ့တယ်။ ပစ်ရင်းနဲ့ မီးလောင်သွားတာ။ တရွေ့ရွေ့သွားနေရင်း  နံ့သာကျွန်းလောက်မှာ မြုပ်သွားတယ်လို့ ပြောကြတယ်” ဟု ယင်းအခြေနေသိသူ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ရခိုင်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ရာဒေသများအပါအဝင် မြို့ပေါင်း ၆၃ မြို့ကို စစ်အုပ်ချုပ်ရေး‌ကြေညာထားပြီး ရေကြောင်းမှတစ်ဆင့် စစ်အင်အားတိုးချဲ့ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများ ပြုလုပ်လာနေသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်ကလည်း အာရက္ခတပ်တော်သိမ်းပိုက်ထားသည့် သံတွဲမြို့နယ်၊ ငပလီကမ်းခြေကို နေဗီမှတစ်ဆင့် လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့သဖြင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။

ယင်းအပြင် ရခိုင်-ဧရာဝတီအစပ် ပင်လယ်ပြင်တွင်လည်း စစ်ကောင်စီနေဗီ နှစ်စီးထက်မနည်း သွားလာလှုပ်ရှား မှုရှိနေပြီး ငပလီကမ်းခြေဘက်သို့ ချဉ်းကပ်စောင့်ကြည့်မှုများ ရှိလာနေသည်။

March 7, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့ပေါ်က ပြည်သူ့ဆေးရုံကြီးကို မတ်လ ၇ ရက်၊ နံနက် ၅...
March 6, 2026
စစ်တွေမြို့တွင် တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစု...
အီရန်၏ လေကြောင်းပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့သည့် အဘူဒါဘီမြို့ တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ- Reuters
March 5, 2026
ယခု အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့၏ စစ်ပွဲကာလအတွင်း...
March 4, 2026
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စားဝတ်နေရေးကျပ်တည်းမှုနှင့်...