ကျောင်းနေအရွယ် ကလေးငယ် ၇ သန်းခန့် ပညာသင်ခွင့်ဆုံးရှုံးနေရဟု ISP - Myanmar ဖော်ပြ

ကျောင်းနေအရွယ် ကလေးငယ် ၇ သန်းခန့် ပညာသင်ခွင့်ဆုံးရှုံးနေရဟု ISP - Myanmar ဖော်ပြ

အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ကလေးငယ်များမှာ ပညာသင်ကြားခွင့် ကြီးမားစွာဆုံးရှုံးနေရပြီး ယခုနှစ် ကျောင်းနေအရွယ် ၇ သန်းဝန်းကျင် (၅၃ ရာခိုင်နှုန်း) မှာ ပညာသင်ကြားခွင့်ဆုံးရှုံးနေကြရ သည်ဟု ISP -Myanmar ၏ ဩဂုတ် ၆ ရက် အစီရင်ခံစာက ဖော်ပြသည်။

အာဏာမသိမ်းခင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ၉ ဒသမ ၇ သန်းကျော်ရှိခဲ့ရာ ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင် ၆ ဒသမ ၁ သန်းသာ ရှိပြီး ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်နောက်ပိုင်း အခြေခံကနေ အထက်တန်းအဆင့် ကျောင်းအပ်နှုန်း တစ်နှစ်လျှင် ပျဉ်းမျှ ၁၀ သန်း အထက် ရှိခဲ့သည်။

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းနှင့် ကုလသမဂ္ဂ လူဦးရေးရန်ပုံငွေအဖွဲ့၏ ထုတ်ပြန်ချက် တွက်ကြည့်ပါက ကျောင်းနေအရွယ် လူဦးရေ ၁၃ သန်းဝန်းကျင်ရှိနိုင်ပြီး ထိုပမာဏအရ ယခုနှစ်ပညာသင်နှစ်တွင် ကလေးငယ် ၇ သန်းဝန်းကျင် ကျောင်းနေအရွယ်ကလေးငယ်အားလုံး၏ ၅၃ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြောင်း ISP -Myanmar ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် စစ်ရေးပဋိပက္ခနောက်ဆက်တွဲ စီးပွားရေးအကျပ်အတည်းများက ကလေးငယ်များ ပညာသင်ယူခွင့်ရရှိရေး အဓိက စိန်ခေါ်မှုဖြစ်နေကြောင်း ကူညီဆောင်ရွက်နေသူများက ဆိုကြသည်။

"လေကြောင်းအန္တရာယ်ကြောင့် စာသင်ကြားမှု မှေးမှိန်သွားပြီး လုံလောက်စွာ မရရှိကြဘူး။ ကလေးအတွက် ကျောင်းဖွင့်ရင်တောင် စာအုပ်၊ ခဲတံကအစ ခက်ခဲကြတယ်။ ဘာလို့လဲဆိုတော့ မိဘတွေကလည်း နေအိမ်မီးရှို့ခံရတာ။ ကုန်ဈေးနှုန်းတက်တာတွေကြောင့် ပညာရေးဘက်ကို မကြည့်နိုင်တော့ ကလေးတွေအတွက် ပညာသင်ကြားခွင့်က စိန်ခေါ်မှုတစ်ခုလို ဖြစ်နေတယ်" ဟု S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ ကိုစိုးမိုးအောင်က DMG နှင့် သီးသန့်အင်တာဗျူးတွင် ပြောထားသည်။

စီးပွားရေးမပြေလည်မှု၊ ဝင်ငွေထွက်ငွေမမျှတမှုနှင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း လုံခြုံရေး စိတ်မချရမှုများက ကျောင်းတက်နှုန်းကျဆင်းမှုကို ဝါးကူထိုးသည့်အရာဖြစ်သည်ဟု ISP -Myanmar က ထောက်ပြသည်။

စစ်ရေးပဋိက္ခပြင်းထန်နေသော ဒေသများတွင် ပညာသင်ယူခွင့် ဆုံးရှုံးမှုပိုများနေပြီး စာသင်ကျောင်း အများစု ပိတ်ထားရကာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုက ကင်းလွတ်အောင် အချို့ စာသင်ကျောင်းများကို ဗုံးခိုကျင်းတွဲလျက်ထားကြသည်။

မန္တလေးဒေသခံ အမျိုးသားတစ်ဦးက "စစ်အာဏာသိမ်းကတည်းက ကျောင်းမတက်နိုင်တဲ့ ကလေးတွေအများကြီးပဲ။ အထူးသဖြင့် စစ်ကိုင်းတို့ မန္တလေးတို့ပေါ့။ မန္တလေး၊ မတ္တရာဘက်တွေမှာဆို ကျောင်းသွားတက်တယ်။ ဗုံးလာကြဲတယ်၊ သေကြေကြတာတွေလည်း အများကြီးကြုံရတယ်။ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးရတယ်။ သူတို့ရဲ့ အနာဂတ်တွေလည်း ပျောက်ဆုံးနေတယ်လို့ ခံစားရတယ်" ဟု ပြောသည်။

တစ်ဖက်တွင်လည်း စစ်ရေးကြောင့် အိုးအိမ်စွန့်ခွာနေကြသူများမှာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စားဝတ်နေရေးကျပ်တည်းမှုတို့ကြောင့် သားသမီးများကို ပညာသင်ကြားခွင့် ရပ်တန့်ထားရသည်။

မိသားစု စားဝတ်နေရေးပြေလည်ရေးမှာ စိန်ခေါ်မှုများစွာရှိလာနေသဖြင့် ကျောင်းနေအရွယ်သားသမီး များကိုပါ ကျောင်းဆက်မထားနိုင်တော့ဘဲ လုပ်ငန်းခွင်ထဲ ပို့ဆောင်ထားကြရသည်။

"သူများသားသမီးတွေ ကျောင်းတက်နေပြီး ကိုယ်သားသမီးကကျောင်းမတတ်နိုင်တော့ အားငယ် မိတယ်။ ရွာမှာဆို ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်း သားသမီးတွေက ဘာအလုပ်မှ မလုပ်ဖူးဘူး၊ ခိုင်းလည်း မခိုင်ဖူးဘူး။ အခုက တောင်ပေါ်တွေတက်ပြီး ထင်းခုတ်နေရတယ်။ ထင်းတုံးကြီးတွေကို မနိုင်မနင်း သယ်နေကြရတယ်" ဟု ရခိုင်က စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဒေါ်မြမြသိန်းက ပြောသည်။

ကလေးငယ်များမှာ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားရင်း စာသင်ခန်းထဲ၌ ပျော်မွေ့ရမည့် အချိန်တွင် ဗုံးသံ၊ အမြောက်ဆံကြားတွင် လုံခြုံမှုကင်းမဲ့ကာ စိတ်အနာတရာများဖြင့် ဖြတ်သန်းနေကြရသည်။

တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်များကြောင့် အထိနာနေသော စစ်ကောင်စီသည် ယခုနောက်ပိုင်း လေကြောင်းကို ပိုမိုအသုံးပြုတိုက်ခိုက်လာနေသဖြင့် အရပ်သားထိခိုက်သေဆုံးမှုနှုန်း မြင့်တက်နေပြီး ထိုထဲ ကလေးငယ်အများဆုံး ပါဝင်နေသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...