အင်းတော်ကြီးဒေသ လုံးတုံစစ်တပ်ကင်းစခန်းတွင် သွားလာဖြတ်သန်းခွင့် ပိတ်ထား

အင်းတော်ကြီးဒေသ လုံးတုံစစ်တပ်ကင်းစခန်းတွင် သွားလာဖြတ်သန်းခွင့် ပိတ်ထား

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံစစ်တပ်စခန်းမှာ ဒေသခံတွေအပါအဝင် ခရီးသွားလာမှု ဖြတ်သန်းမှုတွေကိုပိတ်ထားတာ တစ်လနီးပါးကြာမြင့်လာနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

အင်းတော်ကြီးမြို့ (ယခင်- လုံးတုံကျေးရွာ) အထွက် ရှေ့တန်းလှုပ်ရှားစခန်းမှာ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာဖြစ်ပြီးလက်ရှိမှာ ကား၊ဆိုင်ကယ် အစီးရာနှင့်ချီရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

“လုံးတုံဂိတ်ကပိတ်ထားတာ၊ဒီကနေ အသွားကတော့ ရတယ်။ ပြန်လာလို့တော့မရဘူး။ အသွားပဲရတာ။ ကုန်တွေလည်းဘာမှ မဝင်တော့ဘူး။ ကြက်ဥတောင်မှ မမြင်ဘူးတော့ဘူးဒီဘက်မှာ” လို့ အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။ 

ပိတ်မိထားတဲ့ ကားတွေ နဲ့ဆိုင်ကယ်သမားရာနှင့်ချီရှိနေပြီး လုံးတုံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှာ တည်းခိုနေကြရတယ်လို့ သိရပါတယ်။ 

လုံးတုံဂိတ်ဟာ မိုးညှင်း- ဝှေခါ-ဖားကန့် လမ်းပိုင်းပေါ်က  အရေးပါတဲ့ စစ်တပ်စခန်းတစ်ခုဖြစ်သလို ဆယ်စုနှစ်များစွာ တည်ဆောက်ထားတဲ့ ရှေ့တန်းဂိတ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။ 

အခုလို လမ်းပိတ်ပင်မှုဟာ  ဖားကန့်မြို့နယ်သို့  ကုန်စည်သွားလာရေးကို ပိတ်ပင်ရေးအတွက် အဓိက ထားလုပ်ဆောင်ခြင်းဖြစ်ကြောင်း လုံးတုံမြို့အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းသို့ ကုန်စည်များဝင်ရောက်နိုင်မည့်လမ်းပိုင်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်ပင်ထားတာကြာမြင့်နေပြီး ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်လာနေတာလည်းဖြစ်ပါတယ်။ 

အခုလို ပိတ်ပင်မှုတွေကြောင့် အင်းတော်ကြီးဒေသရှိ  ကျေးရွာ ဆယ်နှင့်ချီလည်း  လမ်းပိတ်တဲ့ဒဏ်ကို ခံစားကြရပြီး ကုန်စျေးနှုန်းတွေမြင့်တက်နေတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...