မိုးဗြဲ အနီးက လယ်ဧကထောင်ကျော် မရိတ်သိမ်းရပဲ တောင်သူတွေထွက်ပြေးတိမ်းရှောင်နေရ

မိုးဗြဲ အနီးက လယ်ဧကထောင်ကျော် မရိတ်သိမ်းရပဲ တောင်သူတွေထွက်ပြေးတိမ်းရှောင်နေရ

ရှမ်း – ကရင်နီပြည်နယ်စပ်က မိုးဗြဲမြို့နဲ့ မိုးဗြဲ- လွိုင်ကော်လမ်းကြီးကို စစ်ကောင်စီက ထိန်းချုပ်လိုက်တာကြောင့် မိုးဗြဲမြို့ အနီးမှာရှိတဲ့ ကျေးရွာတချို့က တောင်သူတွေဟာ စပါးတွေကို မရိတ်သိမ်းနိုင်တော့ပဲ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

မိုးဗြဲမြို့အနီးမှာတော့ မရိတ်သိမ်းရသေးတဲ့ စပါးခင်း ဧက ထောင်နဲ့ချီရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“လယ်ကတော့ ဆယ်တစ်(၁၁)ဧကတော့ ကျန်ခဲ့တယ်။ စိုးရိမ်တယ်ပေါ့ ရိတ်လဲမရိတ်ရဘူးဆိုတော့ စိတ်လဲမကောင်းဘူးပေါ့” လို့ စပါးခင်း ပိုင်ရှင် တောင်သူတစ်ဦးက ပြောပါတယ်။

မိုးဗြဲနဲ့ နီးတဲ့ ကျေးရွာဒေသခံတချို့ကတော့ ကျန်ရှိနေသေးတဲ့ လက်ကျန်စပါးနဲ့ လယ်ယာသုံးစက်ပစ္စည်းတချို့ သယ်ထုတ်နေကြပြီး စိုးရိမ်ပူပန်မှုကြားက အလျင်စလို သယ်ဆောင်နေကြတာပါ။

စစ်ကောင်စီက ပစ္စည်းသယ်ယူနေတဲ့ ဒေသခံတွေကို သေနတ်နဲ့ ပစ်ခတ်တာတွေလဲရှိတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

“ပစ္စည်းတွေ၊ စပါးတို့ ကိုင်းရှည်တို့ အိမ်ပရိဘောကပစ္စည်းတွေ အနောက်ကိုတော့ တော်တော်ရွေ့သွားတယ်။ တချို့ကျတော့ အသက်ကြီးတဲ့သူတွေ ကလေးတွေကော တခါတည်းရွေ့ပေါ့။” လို့ တောင်သူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက မိုးဗြဲကိုထိန်းချုပ်ထားတာကြောင့် နောက်ထပ်စစ်ကြောင်းတွေ ရောက်လာမှာကို ဒေသခံတွေက စိုးရိမ်နေတာပါ။

“ဘာပြောကောင်းမလဲ ကြောက်စိတ်ကတော့ ကိုယ်က ဒီမှာလဲ သူတို့ပေါက်လာမှာလဲ ကြောက်တယ်။ ဒီကနေမှ ဘယ်ကိုထပ်ပြေးမလဲ ပြေးစရာနေရာ မရှိတာလဲ ကြောက်တယ်ပေါ့။ ကြောက်စိတ်ကတော့ ပြောမနေနဲ့” လို့ စစ်ရှောင်နေတဲ့ ဈေးသည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာလဲ စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြောင့် ဖယ်ခုံအရှေ့ကမ်းမှာလဲ ဒေသခံတွေ လယ်ဧကနဲ့ စိုက်ခင်းပေါင်း ထောင်နဲ့ချီကို စွန့်ပစ်ခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Most read this week

ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...
April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...
April 9, 2026
လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို...
April 8, 2026
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့်...