ဗန်းမော်မြို့သို့ ဦးတည်ဆန်တက်နေသည့် စစ်ရေယာဉ်အုပ်စု မြစ်ကမ်းဘေးဝဲယာကို လက်နက်ကြီးများဖြင့် ပစ်ခတ်

ဗန်းမော်မြို့သို့ ဦးတည်ဆန်တက်နေသည့် စစ်ရေယာဉ်အုပ်စု မြစ်ကမ်းဘေးဝဲယာကို လက်နက်ကြီးများဖြင့် ပစ်ခတ်

ဧရာ၀တီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့သို့ ဦးတည်ဆန်တက်နေသည့် စစ်ရေယာဉ်အုပ်စုသည် ယနေ့ (ဇူလိုင်လ ၂၄ ရက်)မနက်ပိုင်းတွင် မြစ်ကမ်းဘေးကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ပြီး အထက်ကို ဆက်လက်ဆန်တက်နေကြောင်း Tigyaing Revolution (TR) အဖွဲ့ ထံ မှ သိရသည်။

“အခုထိတော့ ရေကြောင်းရှာပြီး တက်နေတာ သိပ်ဝေးဝေး မရောက်သေးဘူး။ ထီးချိုင့်နယ်ထဲက မောင်းကုန်းရွာဖက်ကို လက်နက်ကြီးနဲ့ ပစ်တယ်။ အဲ့ရွာနားက ဆီဆိုင် တဆိုင်ကိုလည်း ဒရုန်းနဲ့ ဗုံးသီးချသွားလို့ မီးလောင်တာတွေရှိတယ်” ဟု TR အဖွဲ့ မှ တာဝန်ရှိသူ တဦးက ယနေ့ မနက် ၁၀ နာရီ အချိန်တွင် ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၂၃ ရက်)တွင် ထီးချိုင့်မြို့နယ် ဒင်းကြီးကျကျေးရွာအနီးတွင် ကျောက်ချရပ်နားခဲ့သည့် စစ်ကောင်စီ၏ ပထမအသုတ် ရေယာဉ် ၁၁ စီးအုပ်စု နှင့် ဒုတိယအသုတ် ရေယာဉ် ခြောက်စီးတို့သည် ယမန်နေ့ ညက ဒင်းကြီးကျကျေးရွာအနီးတွင် ပေါင်းစည်းသွားပြီးနောက် ယနေ့ မနက်ပိုင်းတွင် ဆက်လက် ဆန်တက်နေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ရေယာဉ်များ ဆန်တက်လားသည့်အတွက် ထီးချိုင့်မြို့နယ် ဧရာ၀တီမြစ်ကမ်း နံဘေး ရှိ ကျေးရွာပေါင်း ခြောက်ရွာထက်မနည်းမှ ဒေသခံပြည်သူများ တိမ်းရှောင်နေကြရကြောင်း(TR) အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စု အထက်ကို ဆန်တက်လာသည့်အတွက် ဗန်းမော်ခရိုင်ရှိ မြစ်ကမ်းနံဘေးနေ ကျေးရွာများမှ ဒေသခံပြည်သူများ အရေးပေါ် ပြောင်းရွှေ့ကြဖို့အတွက်ကိုလည်း ဗန်းမောင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)မှ ဇူလိုင် ၂၂ ရက်နေ့ တွင် အသိပေးချက်ထုတ်ပြန်ထားသည်။

စစ်ကောင်စီစစ်သင်္ဘောများ တက်လာသည်နှင့်အမျှ လေကြောင်း ရေကြောင်း တိုက်ခိုက်မှုများ နှင့်တိုက်ပွဲများ ဖြစ်ပွားလာမည်ဖြစ်သောကြောင့် ဒေသခံပြည်သူများအနေဖြင့် မြစ်ကမ်းတလျှောက်သွားလာခြင်း ပွဲလမ်းသဘင်များ ပြုလုပ်ခြင်း လူစုလူဝေးများသို့ သွားရောက်ခြင်းမပြုလုပ်ရန် ဗန်းမော်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း (၁) မှ ပြောသည်။

ယင်းအပြင် ဒေသခံပြည်သူများအနေဖြင့် စစ်သင်္ဘောများ အစုန် အဆန်သွားလာမှု ကင်းရှင်းသွားသည့် အချိန်မှသာ မိမိနေရပ်ကိုပြန်လည်သွားလာနေထိုင်ကြဖို့အတွက်ကိုလည်း အသိပေးဖော်ပြထားသည်။

စစ်ကောင်စီ၏ စစ်သင်္ဘောများကို တော်လှန်ရေးတပ်ဖွဲ့များက မြစ်ကြောင်းတလျှောက်ပိတ်ဆို့ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ သပိတ်ကျင်းမြို့နယ်၊ ချောင်းသလဲကျေးရွာမှ ကျောက်ကြီးဇာတ်ဆိပ်ကြားနေရာများတွင် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော တစီး မီးလောင်ပျက်စီး၍ တစီးနစ်မြုပ်ခဲ့ပြီး နောက်ထပ် နှစ်စီး ဆက်လက်မောင်းနှင်နိုင်ခြင်းမရှိတော့ကြောင်းနှင့် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၂၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...