စစ်ကောင်စီ၏လက်နက်ကြီးကြောင့် ဘီးလင်းတွင် ၁၅ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးသေဆုံး

စစ်ကောင်စီ၏လက်နက်ကြီးကြောင့် ဘီးလင်းတွင် ၁၅ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးသေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် စစ်ကောင်စီမှ ရမ်းသမ်း ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။

ယမန်နေ့ ဇူလိုင် ၂၃ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအခြေစိုက် စစ်ကောင်စီ (အမတ ၃၁၄) တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် အလူးလေးရွာရှိ လူနေအိမ်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ၁၅ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့ရခြင်းဖြစ်သည်။

ဒေသတွင်းတော်လှန်ရေး သတင်းအရင်းမြစ်တစ်ဦးက “မိုးရွာနေတော့ ပစ်တဲ့အသံမကြားရဘူး။ နေ့တိုင်းနီးပါး ပစ်နေကြတာပဲ။ ဒါပေမဲ့ ရွာအပြင်နဲ့ ရော်ဘာခြံတွေမှာ ကျတာများတယ်။ ညနေ၂ နာရီကျော်ကျော်မှာ ၈ လုံးလောက်၊ ၆ နာရီခွဲမှာ ၁ လုံးပစ်လိုက်တယ်” ဟု ပြောသည်။

အဆိုပါကျေးရွာတစ်ဝိုက်တွင် တော်လှန်ရေးအဖွဲ့ လှုပ်ရှားသွားလာခြင်းမရှိဘဲ လက်နက်ကြီး ပစ်ခတ်နေခြင်းဖြစ်သဖြင့် (အမတ-၃၁၄) အနီးရှိ ကျေးရွာများဖြစ်သည့် အလူးလေးကျေးရွာအပါအဝင် သပြေနီ၊ ကရေဝေးဆိပ်ရွာ၊ ဖိုးဝါးသိမ်ရွာ စသည့် ကျေးရွာများမှ ဒေသခံများ စိုးရိမ်မကင်း ဖြစ်နေကြရသည်။

ဘီးလင်းရှိ စစ်ကောင်စီ (အမတ-၃၁၄)မှ လူနေကျေးရွာအတွင်းသို့ မကြာခဏ အကြောင်းမဲ့ပစ်ခတ်နေပြီး လူနေအိမ်၊ လုပ်ငန်းခွင် စိုက်ပျိုးရေးနေရာများ ပျက်ဆီးဆုံးရှုံးမှု ရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်တွင်လည်း ကျိုက်ထိုမြို့နယ်၊ ဆောင်နိုင်ကြီးရွာ ရေသန့်စက်ရုံကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခံရပြီး၊ ကိုဗစ်ကာလကပင် ပိတ်ထားသည့် စက်ရုံဖြစ်သည့်အတွက် လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်နေသည့် စစ်အုပ်စုသည် လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကို အဓိကကျူးလွန်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၂၅ ဇွန်လအတွင်း စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်ကြောင့် အမျိုးသမီး ၃၄ ဦး သေဆုံးခဲ့ရကြောင်း (BWU) မှ အချက်အလက်အရ သိရသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...