မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒီးမော့ဆို-မော်ချီး ကုန်ကားများ သွားလာရေးအခက်တွေ့

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒီးမော့ဆို-မော်ချီး ကုန်ကားများ သွားလာရေးအခက်တွေ့

ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်ကစပြီး ကရင်နီပြည်ရဲ့ နေရာအနှံ့အပြားမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒီးမော့ဆို-မော်ချီးဖက်ကို ကုန်တင်ပြီး သွားလာကြတဲ့သူတွေအတွက် ချောင်းရေကြီးတာအပြင် လမ်းခရီးအဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေကြတယ်လို့ သိရပါတယ်။

"ရေတော်တော်ကြီးတယ်။ အခုတောင် ဟို့ဖက်ကမ်းမှာ လူတွေအများကြီး ကျန်ခဲ့တယ်။ ငါတို့ဆို ကားကူးလို့တော့ရတယ်။ ဖောင်လဲကူးလို့မရ ဘာကူးမရနဲ့ ကား ပီပါပုံးနဲ့ကူးတာ။ ပစ္စည်းက ဟို့ဖက်ကမ်းမှာ ကျန်ခဲ့တော့ ခြေလျင်နဲ့ပြန်လျှောက်။ အောက်လမ်းမှာ စက်လှေနဲ့ ပြန်ကူးတာ" လို့ ကားသမားတစ်ဦးက ပြောပါတယ်။

အဆိုပါ ကားသမားဟာ ဒီးမော့ဆိုကနေ မော်ချီး‌ကိုရောက်ဖို့ သူဟာ လမ်းမှာ (၅) ည အိပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

တချို့ကုန်ကားတွေကတော့ လက်ရှိအချိန်ထိ မသွားလာနိုင်သေးတဲ့ အခြေအနေတွေရှိတယ်လို့ ဆိုပါတယ်။

မိုးရွာပြီး ဗွက်ထူလို့ ကားတွေသွားမရတဲ့ နေရာမျိုးမှာ ထွန်စက်နဲ့ဆွဲခိုင်းရပြီး ပေတစ်ရာအကွာအဝေးအတွက် ထွန်စက်ဆွဲခကို ကုန်ကားအပေါ်မူတည်ပြီး တစ်သိန်းကနေ လေးသိန်းအထိ ပေးဆောင်ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

"တခြားနေရာမှာတော့ ချိန်းပတ်နဲ့တော့ အဆင်ပြေပါတယ်။  မိုးတွင်းရောက်ရင် ကုန်တင်ရမှာလေ။ တခြားတော့ ကိုယ်က အဲ့လောက်မပြောလိုပါဘူး။ လုပ်လည်း အဆင်မပြေဘူးလေ ဒီအခြေနေနဲ့ဆို" လို့ ‌ကားသမားတစ်ဦးက ပြောပါတယ်။

နှစ်စဉ် မိုးရာသီကာလအတွင်း ဒီးမာ့ဆို - မော်ချီး သွားလာတဲ့လမ်းဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ကြန့်ကြာတာကို ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

အဓိက ဆက်သွယ်သွားလာတဲ့ လမ်းတချို့ကို ပြန်လည်ပြုပြင်စေလိုကြောင်း ခရီးသွားလာသူတွေက တောင်းဆိုထားကြပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...