ကော့ကရိတ်မြို့တွင်း အခြေခံစားသောက်ကုန်ဈေးနှုန်း သုံးဆ မြင့်တက်နေ

ကော့ကရိတ်မြို့တွင်း အခြေခံစားသောက်ကုန်ဈေးနှုန်း သုံးဆ မြင့်တက်နေ

စစ်ကောင်စီ စိုးမိုးထားသည့် ကော့ကရိတ်မြို့တွင်း၌ အခြေခံ စားသောက်ကုန်များ ဈေးနှုန်း သုံးဆ မြင့်တက်နေပြီး စစ်မရှောင်ဘဲ မြို့တွင်းနေထိုင်သူများ နေထိုင်၊ စားသောက်ရေး တစ်နေ့ထက်တစ်နေ့ ပိုခက်ခဲနေသည်ဟု မြို့ခံများက ပြောသည်။

ကော့ကရိတ်မြို့တွင်း၊ မြို့ပြင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ၊ မဟာမိတ် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ နေ့စဉ်နီးပါး ပစ်ခတ်မှုဖြစ်ပွားနေသော်လည်း အခြေအနေအမျိုးမျိုးကြောင့် နေရပ်စွန့် ခွာခြင်းမရှိဘဲ မြို့တွင်း၌ နေထိုင်သူများ ယခုလို နေထိုင်၊ စားသောက်ရေး အခက်အခဲများနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ရပ်ကွက် ၇ ခု ရှိတယ်၊ မနှစ်က စစ်ဖြစ်တော့ အိမ်မီးလာင်၊ ဖောက်ခိုးခံရတော့ အခုတစ်ခါ ပြန်မရှောင်ကြဘူး။ အိမ်တွေ၊ ခြံတွေမှာ ဖြစ်သလိုနေနေကြတယ်။ ဈေးဝယ်စားဖို့ သွားလာဖို့က စစ်တပ်ဂိတ်တွေ စစ်ဆေးနေတော့ အပြင်ထွက် သွားလာလို့ မရဘူး။ ဈေးမှာ ကုန်ဈေးနှုန်းက သုံးဆ လောက်ပေးဝယ်ရတယ်။ စစ်ရှောင်ဖို့ ကြတော့ လည်း စရိတ်မရှိ နေစရာမရှိဘူး။ အဲ့တော့ရပ်ကွက်ထဲဘဲ နေရတယ်၊ စစ်တပ်က အရပ်သားကို အကာအကွယ်ယူ ပြန်ပြန်ပစ်နေတယ်၊ မြို့ပြင်ကို” ဟု မြို့တွင်းနေထိုင်သူ ၎င်း မြို့ခံက ပြောသည်။

လက်ရှိ ကော့ကရိတ်မြို့တွင်း၌ ဆန်ကြမ်း တစ်အိတ်လျင် ကျပ် ၃၀၀,၀၀၀ ဝန်းကျင်ထိ ဈေးမြင့်တက်နေပြီး၊ မြို့ပြင် ဆန်ဈေးနှုန်းထက် နှစ်ဆ ကျော်မြင့် တက်လျက်ရှိသည်။ ထို့ အပြင် မြို့တွင်းသို့ ဆန်သယ်ယူမည် ဆိုပါက စစ်ကောင်စီထံ ဂိတ်ကြေး ဆန် တစ်အိတ်လျင် ကျပ် ၅,၀၀၀ ပေးရသည်ဟု မြို့ခံများက ပြောသည်။

ထို့အပြင် ဓါတ်ဆီဈေး တစ်လီတာလျင် ပြင်ပ၌ ကျပ် ၄,၀၀၀ ဝန်းကျင်သာရှိသော်လည်း ကော့ကရိတ်မြို့တွင်း၌ ကျပ် ၁၈,၀၀၀ ထိ ဈေးမြင့်တက်လျက်ရှိသည်။

အလားတူ စားသုံးဆီ တစ်လီတာဗူး တစ်ဗူးလျင် ပြင်ပ၌ ကျပ် ၇,၀၀၀ ဝန်းကျင်သာရှိသော်လည်း ကော့ကရိတ်မြို့တွင်း၌ ကျပ် ၂၀,၀၀၀ ဝန်းကျင်ထိ ဈေးနှုန်းများ သုံးဆကျော် မြင့်တက်နေသည်ဟု မြို့ခံများက ပြောသည်။

ယခု မေနှင့် ဇွန် လအတွင်း စစ်ကောင်စီက ကော့ကရိတ်မြို့တွင်း အင်အား ၅၀၀ ကျော်ခန့်ဖြင့် ဘုန်ကြီးကျောင်း များ၊ စာသင်ကျောင်းများ၌ တပ်စွဲထားပြီး ခံစစ်ပြင်ဆင်ခုခံနေသည်ဟု သိရသည်။

“ရပ်ကွက်ထဲမှာ လူတွေရှိနေတယ်။ ကရင်အဖွဲ့က မြို့ထဲပစ်ဖို့ ခက်နေတယ်၊ စကစကတော့မြို့ပြင် နေရာစုံကို ပစ်တယ်၊ ဒရုန်းနဲ့ ဗုံးကြဲတယ်။ အဲ့လို ဖြစ်ရင် ဗုံးခိုကျင်းထဲ ဝင်နေကြရတယ်။ စကစကတောင်ပါ်ကျောင်း၊ မြို့မ ကျောင်း၊ ဇိနသုခဘုရား၊ ချောင်းသောင်ဘက်မှာရှိနေတော့ အဲဒီ့နေရာတွေ သွားရှောင်မနေရဲကြဘူး” ဟု မြို့တွင်း အခြေအနေကို စစ်ရှောင်တစ်ဦးက ပြောဆိုသည်။

ကော့ကရိတ် မြို့တွင်း စစ်ရေးတင်းမာနေသလို မြို့တွင်း၌ အင်တာနက်၊ ဖုန်း၊ ဝိုင်ဖိုင်နှင့် လျှပ်စစ်မီးများလည်း ပြတ်တောက်နေပြီး စစ်ကောင်စီ တပ်နေရာများ၊ ဌာနဆိုင်ရာ ရုံးနေရာများဘက်သို့ အရပ်သားပြည်သူများ ဖြတ်သန်းသွားလာမှု ပိတ်ပင်ထားကြောင်း သိရသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...