မောင်တောနယ်စပ်ဒေသ၌ စားသုံးဆီနှင့် စက်သုံးဆီများ ဈေးမြင့်တက်လာ

မောင်တောနယ်စပ်ဒေသ၌ စားသုံးဆီနှင့် စက်သုံးဆီများ ဈေးမြင့်တက်လာ

ရခိုင်ပြည် နယ်စပ်‌ဒေသ‌ မောင်တောခရိုင်၌ စားသုံးဆီနှင့် လောင်စာဆီများ ဈေးမြင့်တက်လာနေကြောင်းသိရသည်။

ထိုသို့ စားသုံးဆီဈေးမြင့်တက်လာရခြင်းမှာ တစ်ဖက်နိုင်ငံ၌ စားသုံးဆီအပါအဝင် စက်သုံးဆီဈေးများမြင့်တက်လာ‌နေသလိုမိုးရာသီ၌ လမ်းပန်းဆက်သွယ်ရေးခက်ခဲမူများကြောင့် သယ်ယူစရိတ်များကြီးမားလာ၍ဖြစ်ကြောင်း ရခိုင် ကုန်သည်ကြီးတစ်ဦးကဆိုသည်။

ဘင်္ဂလာဖက်မှ တင်သွင်းသည့် စားသုံးဆီ ၅ လီတာဗူးကြီး တစ်ဗူးလျှင် ယခင်က မြန်မာငွေကျပ် ၄၀၀၀၀ မှ ယခုလက်ရှိ၌ မြန်မာငွေကျပ်၆၃၀၀၀ အထိဈေးမြင့်တက်လျှက်ရှိနေကြောင်း ဒေသခံများထံမှသိရသည်။

"စားသုံးဆီကအဝင်နည်းတော ဈေးမြင့်တက်သွားတာပါ။ ‌ဧပြီလကုန်ပိုင်းအထိ ၅ လီတာဆီဗူးတစ်ဗူးမြန်မာငွေ ၄၀၀၀၀ ကျပ်ဘဲ့ရှိတာ အခုမေလကုန်ခါနီးမှာ ၆၃၀၀၀ကျပ်အထိမြင့်သွားတယ်" ဟု ဒေသခံကုန်သည်တစ်ဦးကပြောကြားသည်။

ရခိုင်သို့စားသုံးဆီတင်သွင်မူမှာ ဘင်္ဂလာ‌ဒေ့ရှ်နိုင်ငံဖက်မှအဓိကတင်သွင်မူပြုနေရပြီး Family အမှတ်တံဆိပ်ပါ ၅လီတာဆီဗူးများအဓိကတင်သွင်းလျှက်ရှိနေကြောင်းလည်းဒေသခံကုန်သည်များထံမှသိရသည်။

ထို့အတူ မောင်တောနယ်စပ်၌ လောင်စာဆီဈေးနှန်းများလည့် မြင့်တက်လာနေကြောင်းသိရသည်။

"စက်သုံး လောင်စာဆီကတော ဘင်္ဂလာကထက်အန္ဒိယ ဆီကိုအများဆုံးအသုံးပြုနေကြတာတွေ့ရတယ်။ဘာဖြစ်လို့လဲ့ဆိုတော စက်အင်ဂျင်ပိုင်း မှာ ဘင်္ဂလာဆီသုံးယင်အဆင်မပြေကြဘူးလို့ သိရတယ်။ ပေါက်ကွဲအားညံ့တယ်လို့ စက်ဆရာတွေကပြောတယ်။ကာဘိုင်‌တာတွေပျက်စီးလာတယ်။ အဲဒါကြောင်း အိန္ဒယကတင်သွင်းတဲ့ လောင်စာဆီကိုဘဲ့ ကား၊သုံးဘီးနဲ့ ဆိုင်ကယ်တွေမှာ အများဆုံးအသုံးနေကြရတယ်" ဟုဒေသခံစက်ပြင်ဆရာတစ်ဦးကနိရဉ္စရာကို ပြောဆိုသည်။

ယခင်ကအိန္ဒိယဓာတ်ဆီ ၁ ပေပါ ၁၉ သိန်း ၂ သောင်းကျပ် ၊ ရေနံဆီ အဖြူ ၁ ပေပါ ၁၆သိန်းကျပ်ခန့်အထိ ရှိခဲ့ရာ လက်ရှိ၌ အိန္ဒိယဓာတ်ဆီ ၁ ပေပါ ၂၂ သိန်းကျပ် ၊အိန္ဒိယရေနံဆီ အဖြူ ၁ ပေပါကို ၁၈ သိန်းခွဲကျပ် အထိမြင့်တက်နေကြောင်းသိရသည်။

Most read this week

March 28, 2026
ကျော်သီဟ - ရခိုင်ပြည်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာနေသည်ဟု သိရသည်။...
March 27, 2026
ခိုင်လူလှ (ရိုးမမြေ) — တရုတ်စီမံကိန်းကြီးမှာတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်နှင့်...
ယတြာချေသည့်အမှုကို ပြုလုပ်နေစဉ်။ (ပုံဟောင်းသာ)
March 26, 2026
အာရက္ခတပ်တော် (AA)နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် စစ်မျက်နှာ ၅ ခုစလုံးတွင် စစ်ကော်မရှင်တပ်သည်...
March 25, 2026
ရခိုင်ပြည်တွင် စစ်ကျန် မြေမြှုပ်မိုင်းနှင့် လက်နက်ခဲယမ်းများကြောင့် သေဆုံးဒဏ်ရာရသူများ...