သပိတ်ကျင်းခရိုင်ထဲက စာသင်ကျောင်းနှင့် ဟိုတယ် လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသမီး ၃ ဦး ဒဏ်ရာရ

သပိတ်ကျင်းခရိုင်ထဲက စာသင်ကျောင်းနှင့် ဟိုတယ် လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသမီး ၃ ဦး ဒဏ်ရာရ
ဓာတ်ပုံ – သပိတ်ကျင်းမြို့နယ် ၄ မိုင်ကန်သာ စာသင်ကျောင်းနှင့် စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာရှိ lucky 7 ဟိုတယ် ဇွန်လ ၁ ရက်နေ့ က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးမှုများကိုတွေ့ ရစဉ်။ (ပြင်ဦးလွင်ခရိုင် ပကဖ)
ဓာတ်ပုံ – သပိတ်ကျင်းမြို့နယ် ၄ မိုင်ကန်သာ စာသင်ကျောင်းနှင့် စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာရှိ lucky 7 ဟိုတယ် ဇွန်လ ၁ ရက်နေ့ က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးမှုများကိုတွေ့ ရစဉ်။ (ပြင်ဦးလွင်ခရိုင် ပကဖ)

မန္တလေးဒေသ၊ သပိတ်ကျင်းခရိုင်ထဲက သပိတ်ကျင်းမြို့နယ်ရှိ စာသင်ကျောင်းနှင့် စဉ်ကူးမြို့နယ်ထဲက ဟိုတယ်တလုံးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးသုံးဦး ဒဏ်ရာရသွားသလို စာသင်ကျောင်းဆောင်များ ၊ အဆောက်အဦများလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်တွင် သပိတ်ကျင်းမြို့နယ် ၄ မိုင်ကန်သာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးသီး တလုံးကြဲချ တိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိခဲ့သော်လည်း စာသင်ကျောင်းဆောင် နှစ်ဆောင် ပျက်စီးသွားကြောင်း ပြင်ဦးလွင်ခရိုင် (ပကဖ) အဖွဲ့ ထံမှ သိရသည်။

“သူတို့က ကျတော်တို့ရဲ့ ပညာရေးယန္တရားတွေ ရပ်စဲသွားအောင်လုပ်နေတာ၊ နောက်တခုက ပြည်သူတွေ ကြောက်သွားပြီး ကျတော်တို့ နဲ့ မပူးပေါင်းဖို့ အခုလောက်အထိ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်နေတာလို့ ပဲ မြင်ပါတယ်” ဟု ပြင်ဦးလွင်ခရိုင် (ပကဖ) ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အလားတူ ဇွန်လ ၁ ရက်နေ့ နေ့လယ် ၂ နာရီ ၂၆ မိနစ်အချိန်တွင်လည်း စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူများ ထိခိုက်မှုမရှိသော်လည်း အဆောက်အဦး နှစ်လုံး ပျက်စီးသွားခဲ့သည်။

ယင်းအပြင် ဇွန်လ ၁ ရက်နေ့ နေ့လယ် ၂ နာရီ ၃၂ မိနစ်အချိန်တွင် စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာရှိ lucky 7 ဟိုတယ်အား လေကြောင်းမှ ထပ်မံတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသခံအမျိုးသမီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် (ပကဖ) ပြန်ကြားရေးတာဝန်ရှိသူ က ဆက်ပြောသည်။

“ဟိုတယ်က ဖွင့်ထားတာလား၊ ပိတ်ထားတာလားတော့ မသိရသေးဘူး ၊ ထိခိုက်တဲ့ အမျိုးသမီသုံးဦးထဲက တယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

သပိတ်ကျင်းနှင့်စဉ့်ကူးမြို့နယ်များသည် တော်လှန်ရေးတပ်ဖွဲ့ များ ထိန်းချုပ်ထားသည့် မြို့နယ်များဖြစ်ပြီး မြေပြင်စိုးမိုးမှု မရနိုင်တော့သည့် စစ်ကောင်စီတပ်ဖွဲ့ သည် ဒေသခံပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏပြုလုပ်နေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်ကလည်း သပိတ်ကျင်းမြိုနယ် ၉ မိုင် ကျေးရွာနှင့် လမ်းလယ်ကျစ်ကျေးရွာအကြား ရှိ စစ်ရှောင်စခန်းတခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ပြည်သူ နှစ်ဦး သေဆုံးပြီး ကလေးငယ် လေးဦး အပါအဝင် ပြည်သူ ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်(ပကဖ) က ထုတ်ပြန်ထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...