မီဇိုရမ် - ပလက်ဝ ကုန်စည်လမ်းကြောင်းကို အိန္ဒိယပိတ်

မီဇိုရမ် - ပလက်ဝ ကုန်စည်လမ်းကြောင်းကို အိန္ဒိယပိတ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ပလက်ဝနှင့် ရခိုင်သို့ ကုန်စည်တင်သွင်းနေသည့် လောင်တလိုင် - ပလက်ဝ နယ်စပ်လမ်းကြောင်းကို အိန္ဒိယ အာဏာပိုင်တို့က ပိတ်ပင်လိုက်ကြောင်း စုံစမ်းသိရသည်။

လောင်တလိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ကောင်စီ မြေအခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မေလ ၁၆ ရက်မှ နောက်ထပ် အမိန့်စာ မထုတ်မချင်း လောင်တရိုင်ခရိုင်ကို ဖြတ်ပြီး ပလက်ဝလမ်းကြောင်းသို့ မည်သည့် ကုန်ပစ္စည်းကိုမျှ သယ်ယူခွင့်မရှိကြောင်း ဆိုသည်။

ထို့သို့ ကုန်သွယ်ခွင့် ပိတ်ဆို့ထားခြင်းကြောင့် လက်ရှိ မီဇိုရမ်ပြည်နယ်ကို ရောက်ရှိနေကြသည့် ရခိုင်ကုန်သည်အများအပြားမှာ အခက်တွေ့နေကြရသည်။

"ကျနော်တို့ ကြားသလောက်တော့ အိန္ဒိယ - ပါကစ္စတန် အရေးအခင်းကို အကြောင်းပြပြီးတော့ သူတို့က နယ်စပ်ဒေသတွေကို အဝင်အထွက် တင်းကျပ်တာလို့ ကြားတယ်။ လမ်းပိတ်ထားတော့ ကုန်သည်တွေလည်း အကုန်လုံး ပိတ်မိနေကြတယ်" ဟု မီဇိုရမ်ပြည်နယ်ရောက် ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

ယခုအခါ အိန္ဒိယအာဏာပိုင်များသည် လောင်တလိုင်ခရိုင်အတွင်းရှိ ဆိုင်သည်များနှင့် ကုန်သည်တို့ကို မြန်မာသို့ တင်ပို့မည့် ပစ္စည်းများ မရောင်းချရန် လိုက်လံအသိပေးနေကြောင်း သိရသည်။

ယင်းကြောင့် ရခိုင်ကုန်သည်များမှာ လက်ရှိ ဝယ်ယူထားသည့် ကုန်စည်များကို သယ်ယူရန် အခက်ခဲဖြစ်နေကြောင်း ပြောဆိုကြသည်။

နောက်ထပ် ရခိုင်ကုန်သည်တစ်ဦးက "အိန္ဒိယဖက်ကို ရောက်နေကြတဲ့ ကုန်သည်တွေအထဲမှာ ရခိုင်ကို သွားမလို့ လုပ်နေသူတွေ ရှိကြတယ်။ အခု ကုန်တွေ လုံးဝသယ်ခွင့်မရှိဘူး။ လူကတော့ သွားလို့ရတယ်။ လမ်းကလည်း ပြန်ဖွင့်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ ပြောလို့မရသေးဘူး။ အခုဝယ်ယူထားတဲ့ ကုန်တွေသယ်ခွင့်မရတော့ ရခိုင်ဖက်မှာလည်း ကုန်စည်ပြတ်လပ်ပြီး ကုန်ဈေးနှုန်းမြင့်တက်မှုတွေ ဖြစ်နိုင်တယ်" ဟု ပြောသည်။

လောင်တလိုင်ဖက်က ကုန်စည်သယ်ယူခွင့်ပိတ်ပင်ထားမှုနှင့် ပတ်သတ်ပြီး အဆင်ပြေစေရေး အာရက္ခတပ်တော် (AA) တာဝန်ရှိသူများနှင့် အိန္ဒိယတာဝန်ရှိသူများ ညှိနှိုင်းမှုများပြုလုပ်နေကြောင်းလည်း AA နှင့် နီးစပ်သူများထံက သိရသည်။

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ရခိုင်ပြည်ကို ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားခြင်း ကြောင့် ရခိုင်ပြည်သူများ လိုအပ်သည့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီများကို မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ကနေ ပလက်ဝ နယ်စပ်လမ်းကြောင်းအတိုင်း အဓိက တင်းသွင်နေရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အခြေစိုက် ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA) က ရခိုင်ဖက်ကို ကုန်စည်တင်သွင်းမှုများကို အကြိမ်ကြိမ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး အာရက္ခတပ်တော်ဖက်က မီဇိုရမ်ပြည်နယ်အစိုးရနှင့် တိုက်ရိုက်ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ရသည်။

၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်တစ်နေရာ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
March 9, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်တွင် မျိုးနွယ်များ ပေါင်းစုပြီး လူမှုသဟဇာတအရေးနှင့်...
March 7, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့ပေါ်က ပြည်သူ့ဆေးရုံကြီးကို မတ်လ ၇ ရက်၊ နံနက် ၅...
March 6, 2026
စစ်တွေမြို့တွင် တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစု...
အီရန်၏ လေကြောင်းပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့သည့် အဘူဒါဘီမြို့ တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ- Reuters
March 5, 2026
ယခု အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့၏ စစ်ပွဲကာလအတွင်း...