ဒီကနေ့ ချင်းတောင်ကို စစ်ကား ၁၅ စီးပါဝင်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တက်ပြီးနောက် ခိုင်ကမ်းမြို့ဂိတ်ကနေ ချင်းတောင်တက်မယ့်ကားအားလုံးကို ပိတ်ဆို့

ဒီကနေ့ ချင်းတောင်ကို စစ်ကား ၁၅ စီးပါဝင်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တက်ပြီးနောက် ခိုင်ကမ်းမြို့ဂိတ်ကနေ ချင်းတောင်တက်မယ့်ကားအားလုံးကို ပိတ်ဆို့

ဒီကနေ့ မေလ ၁၉ ရက်နေ့ မနက်မှာ စစ်ကား ၁၅ စီးနဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ချင်းတောင်သို့ ချီတက်သွားခဲ့ပြီးနောက် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ရဲစခန်းရှိ စစ်ဆေးရေးဂိတ်ကနေ ချင်းတောင်ကို တက်မယ့်ကားအားလုံး ပိတ်ဆို့ထားလိုက်တယ်လို့ ခိုင်ကမ်းဒေသခံများထံမှ သိရှိခဲ့ရပါတယ်။

“မနက် ၄ နာရီလောက်မှာ တောင်ပေါ် စတက်ကြတာ။ စစ်တပ်အင်အားက အနည်းဆုံး ၂၀၀ ရှိလိမ့်မယ်။ ကားနဲ့ပါတဲ့ စစ်သားတွေရှိတယ်။ တောင်ရိုးအတိုင်း ခြေလျင်ချီတက်တဲ့ စစ်သားတွေလည်း ရှိတယ်။ ခိုင်ကမ်းရဲစခန်းကတော့ ချင်းပြည်နယ်ဘက်ကို တက်မယ့်ကားအားလုံး တားပြီးတော့ လမ်းပိတ်ထားတယ်” လို့ ခိုင်ကမ်းဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ကလေး-သိုင်းငင်း လမ်းအတိုင်း ဦးတည်နေကြောင်း၊ လက်ရှိအချိန်ထိတော့ ထိတွေ့တိုက်ပွဲဖြစ်တာ၊ ပစ်ခတ်တာမျိုး မရှိသေးကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

“လေယာဉ်တွေလည်း ပျံဝဲနေတာ တွေ့ရတယ်။ သူတို့ စစ်ကြောင်းကို ဝေဟင်ကနေ ကင်းလှည့်ပေးနေတာမျိုး ဖြစ်မလား မပြောတတ်ဘူး။ ကလေး-တီးတိန် လမ်းမတလျှောက်မှာတော့ ဗုံးကြဲတာမျိုး မရှိသေးဘူး” လို့ ခိုင်ကမ်းဒေသခံတစ်ဦးမှ လက်ရှိအခြေအနေကို သုံးသပ်ခဲ့ပါတယ်။

ဒီကနေ့ (မေလ ၁၉ ရက်နေ့) နေ့လည် ၁၂ ခန့်မှာတော့ တွန်းဇံမြို့ ရဲစခန်းတဝှိုက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Most read this week

September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...