စစ်ကောင်စီ၏ အပစ်ရပ်စဲမှုတွင် ကျင့်ဝတ်စည်းကမ်းများ၊ သဘောတူမှုများမပါ၍ မခိုင်လုံ

စစ်ကောင်စီ၏ အပစ်ရပ်စဲမှုတွင် ကျင့်ဝတ်စည်းကမ်းများ၊ သဘောတူမှုများမပါ၍ မခိုင်လုံ

စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာချက်သည် စစ်မှန်သည့် အပစ်အခတ်ရပ်စဲမှုများတွင် ပါရှိရမည့် ကျင့်ဝတ်စည်းကမ်းများ၊ သဘောတူညီမှုများမပါရှိဘဲ ဖောက်ဖျက်ရန်လွယ်ကူသည့် အချက်အလက်များကိုသာ ထည့်သွင်းထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

“အခုစစ်အုပ်စုက လုပ်ဆောင်နေတဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာချက်တွေဟာ စည်းနှောင်မှုမရှိ ချိုးဖောက်ဖို့ လွယ်ကူတဲ့အချက်တွေကို ထည့်သွင်းထားတာလည်း သတိပြုကြရမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲမှုတွေမှာ ကျင့်ဝတ်စည်းကမ်းတွေ သဘောတူညီမှုတွေ လိုအပ်မှာဖြစ်သလို အဲ့ဒီကျင့်ဝတ်တွေ သဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ သေချာစေဖို့ နိုင်ငံတကာ စောင့်ကြည့် လေ့လာမှုလည်း လိုအပ်မှာဖြစ်ပါတယ်။ သဘောတူထားတဲ့ သဘောတူညီမှုတွေကို ချိုးဖောက်ခဲ့မယ်ဆိုရင် ချိုးဖောက်သူတွေကို ဘယ်လိုအရေးယူမှာလဲဆိုတဲ့ အရေးယူမှုတွေလည်း ပါဝင်ရမှာဖြစ်ပါတယ်”

စစ်ကောင်စီ၏ မြန်မာနိုင်ငံတစ်ဝန်း အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာချက်သည် ဟန်ပြမျှသာဖြစ်သည်ဟု ဦးနေဘုန်းလတ်က မေလ ၁၃ ရက်နေ့ တွင် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အကြမ်းဖက် စစ်တပ်ဟာ ပြည်သူလူထုကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီး ပစ်ခတ်မှုတွေ ရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ စတဲ့ လုပ်ဆောင်ချက်တွေကို နေ့စဉ်ရက်ဆက် လက်တွေ့ လုပ်ဆောင်နေပေမဲ့ တစ်ဖက်မှာတော့ နိုင်ငံတကာမှာ မျက်နှာပန်းလှစေရေး အတွက် ဟန်ပြအပြစ်ခတ် ရပ်စဲရေး ထုတ်ပြန်ချက်တွေကို ထပ်တိုးထုတ်ပြန်လျက် ရှိနေပါတယ်” ဟု ပြောသည်။

မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားနှင့် အညီ ပေါ်ပေါက်လာသည့် တော်လှန်ရေး အောင်မြင်ရန်အတွက် အပစ်အခတ်ရပ်စဲရေး သက်သက်ဖြင့် အဖြေထွက်နိုင်မည် မဟုတ်ဟုလည်း ဦးနေဘုန်းလတ်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ဖိအားပေးပြီး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေမှုကို လက်ခံမည်မဟုတ်ဘဲ နိုင်ငံတကာအသိုင်းအဝန်းနှင့် အာဆီယံ အိမ်နီးချင်းနိုင်ငံများ၏ စုစည်းညီညွတ်သည့် ကြိုးပမ်းမှုအတွက်သာ လမ်းဖွင့်ထားကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။

“နိုင်ငံတစ်နိုင်ငံက နီးစပ်ရာ ညှိနှိုင်းမှုတွေနဲ့ အကြပ်ကိုင်လို့ရတဲ့ အဖွဲ့အစည်းတွေကို နည်းလမ်းပေါင်းစုံသုံးပြီး အတင်းဖိအားပေးဆွေးနွေးစေပြီး အပစ်အခတ်ရပ်စဲစေမှု နည်းလမ်းကို အသုံးပြုခြင်းဟာလည်း ရေရှည်အတွက် အကျိုးမရှိဘဲ အခြေအနေကို ပိုမိုရှုပ်ထွေးစေတာ၊ တိုင်းရင်းသား အင်အားစုတွေ အချင်းချင်းကြား သွေးကွဲမှုတွေ တင်းမာမှုတွေကို ဖြစ်စေနိုင်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

စစ်ကောင်စီက နိုင်ငံတဝန်း ယာယီ အပစ်အခတ်ရပ်စဲရေးကို မေလ ၃၁ ရက်နေ့အထိ ထပ်မံသက်တမ်းတိုး ထားကြောင်း ကြေညာခဲ့သော်လည်း အရပ်သား ပြည်သူများကို ပစ်မှတ်ထား၍ ဘာသာရေး အဆောက်အအုံ များ၊ စာသင်ကျောင်းများ၊ ဆေးရုံများအား ပစ်မှတ်ထား တိုက်ခိုက်မှု ပိုမိုမြင့်တက်လာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဆိုသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...