ဗန်းမော်မြို့က စကခ ၂၁ ကို ပစ်မှတ်ထားပြီး နေ့စဉ် တိုက်ပွဲဆင်နွှဲနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

ဗန်းမော်မြို့က စကခ ၂၁ ကို ပစ်မှတ်ထားပြီး နေ့စဉ် တိုက်ပွဲဆင်နွှဲနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

ဗန်းမော်မြို့ဘက်က စစ်ကောင်စီတပ်စွဲဆဲဖြစ်တဲ့ တပ်စခန်းတွေကို သိမ်းပိုက်နိုင်တာ မရှိသေးပေမဲ့ စကခ ၂၁ ကို ပစ်မှတ်ထားပြီး နေ့တိုင်းလို တိုက်ပွဲဖော်ဆောင်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗန်းမော်ဘက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ ပစ်ခတ်တာတွေ နေ့တိုင်းရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"ဗန်းမော်ဘက်မှာကတော့ တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်။ မြို့၊ ရပ်ကွက်ဘက်မှာ တော်တော်များများကတော့ ကျွန်တော်တို့ KIA တပ်ဖွဲ့တွေလည်း သိမ်းပိုက်ထားတာ ရှိပါတယ်။ သူတို့ တပ်စွဲထားတဲ့ တပ်တွေကိုတော့ ပြန်ပြီးမှ သိမ်းနိုင်တဲ့ အနေအထားတော့ မရှိသေးပါဘူး။ စကခ ၂၁ ဘက်မှာ ပစ်မှတ်ထားပြီးမှ ကျွန်တော်တို့ကတော့ နေ့တိုင်းလို တိုက်ပွဲကတော့ ဖော်ဆောင်နေတာ ရှိပါတယ်" လို့ ဆိုပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က ဗန်းမော်မြို့သိမ်းတိုက်ပွဲကို စတင်ခဲ့တာဖြစ်ပြီး ဧပြီလ ၂၅ ရက်နေ့မှာတော့ ဗန်းမော်မြို့က ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေပြီးတော့ စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ KIO/KIAသတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ မေလ ၄ ရက်နေ့က ထုတ်လွှင့်တဲ့ သတင်းရုပ်သံမှာလည်း ဖော်ပြထားပါတယ်။

အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၄၇ ခြေလျင်တပ်ရင်း၊ ဆေးတပ်ရင်း၊ ထောက်ပို့တပ်နဲ့ အင်ဂျင်နီယာတပ်ရင်းတွေ တပ်စွဲထားတဲ့‌နေရာတွေ အားလုံးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ထပ်မံဖော်ပြထာတာပါ။

ဒါ့အပြင် တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ ဧပြီလ တတိယအပတ်လောက်က မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းမှာ စစ်ကောင်စီကနေ အင်အားအလုံးအရင်း အသုံးပြုပြီး စစ်ကြောင်းထိုးလာတာလည်း ရှိပါတယ်။

လက်ရှိအချိန်မှာတော့ နန့်ယားကျေးရွာအလွန် ကပ်မှော်ကျေးရွာမှာ စစ်ကြောင်းရပ်နားနေတယ်လို့ သိရှိရပြီး စစ်ကောင်စီစစ်ကြောင်း စစ်ရေးလှုပ်ရှားတဲ့အချိန်တွေမှာ KIA ကနေ တိုက်ခိုက်တာရှိတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

June 6, 2026
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းပိုင်းအတွင်း စစ်အုပ်စုနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ဇွန်လ ၅...
June 3, 2026
စစ်ရှောင်ကျောင်းသူ/သား ၁,၀၀၀ ကျော် တက်ရောက်နေတဲ့ နောင်းချိန်းအထက်တန်းကျောင်းမှာ...
June 2, 2026
မြန်မာက ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် မြေရှားသတ္တု အကြောင်းဆွေးနွေးခဲ့တယ်လို့...
May 30, 2026
ခါကာဘို — ကချင်ပြည်နယ်မြောက်ဖျားက နှင်းဖုံးတောင်တန်းတွေ ဝန်းရံထားတဲ့ ပူတာအိုဒေသကို...