ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ် အိမ်စီးကားဖြင့် စစ်မှုထမ်းရန် လူငယ်များကို စောင့်ဖမ်းနေ

ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ် အိမ်စီးကားဖြင့် စစ်မှုထမ်းရန် လူငယ်များကို စောင့်ဖမ်းနေ

ရန်ကုန်-ပုသိမ် ကားလမ်းမကြီးပေါ် လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးဝင်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီး Alphard ကားများကို အသုံးပြု၍ လူငယ်များကို စစ်မှုထမ်းစုဆောင်းရန် စောင့်ဖမ်းမှုများ ယခုရက်ပိုင်းအတွင်း ပြုလုပ်နေသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ယခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားအသုံးပြု၍ ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့ဘက်သို့ လာရောက်သည့် လူငယ်များကို အဓိကပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ယခုလိုပြောသည်။

“မနေ့က (မေ ၈ ရက်) မှာ ဧရာဝတီတိုင်းဘက်ကလာတဲ့ လူငယ်တွေကို စောင့်ဖမ်းတာ။ တချို့ကို ပိုက်ဆံတောင်းတယ်။ တချို့လူငယ်တွေကို တစ်ခါတည်း ဖမ်းခေါ်သွားတယ်။ စစ်မှုထမ်း အကျုံးဝင်အသက်ရှိတဲ့ လူငယ်တွေပေါ့၊ မကြာခဏ လုပ်နေတာတွေ့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မျက်မြင်တွေ့ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ယခင်က စစ်ကားများကိုသာ အများစု အသုံးပြုလေ့ရှိသော်လည်း နိုင်ငံရေးနှင့်သက်ဆိုင်သည့် နေ့ကြီးရက်ကြီးများတွင် အိမ်စီးကား၊ လူမှုရေးအသင်းများမှ ကူညီကယ်ဆယ်ရေး အရေးပေါ် ကားများကိုလည်း အသုံးပြုကင်းလှည့်လေ့ရှိသည်ဟု လှိုင်သာယာ အနောက်ပိုင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ယခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားအသုံးပြု စစ်မှုထမ်း လူစုမှုများ ဖြစ်ပေါ်နေသည့်အတွက် လူငယ်များ သတိဖြင့် သွားလာကြရန်နှင့် မဖြစ်မနေ ခရီးသွားလာရမည်ဆိုပါကလည်း ပတ်ဝန်းကျင်သို့ အမြဲမပျက် အကဲခတ်သွားလာရန် တိုက်တွန်းလိုသည်ဟု ဧရာဝတီတိုင်းအတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...