ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ် အိမ်စီးကားဖြင့် စစ်မှုထမ်းရန် လူငယ်များကို စောင့်ဖမ်းနေ

ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ် အိမ်စီးကားဖြင့် စစ်မှုထမ်းရန် လူငယ်များကို စောင့်ဖမ်းနေ

ရန်ကုန်-ပုသိမ် ကားလမ်းမကြီးပေါ် လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးဝင်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီး Alphard ကားများကို အသုံးပြု၍ လူငယ်များကို စစ်မှုထမ်းစုဆောင်းရန် စောင့်ဖမ်းမှုများ ယခုရက်ပိုင်းအတွင်း ပြုလုပ်နေသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ယခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားအသုံးပြု၍ ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့ဘက်သို့ လာရောက်သည့် လူငယ်များကို အဓိကပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ယခုလိုပြောသည်။

“မနေ့က (မေ ၈ ရက်) မှာ ဧရာဝတီတိုင်းဘက်ကလာတဲ့ လူငယ်တွေကို စောင့်ဖမ်းတာ။ တချို့ကို ပိုက်ဆံတောင်းတယ်။ တချို့လူငယ်တွေကို တစ်ခါတည်း ဖမ်းခေါ်သွားတယ်။ စစ်မှုထမ်း အကျုံးဝင်အသက်ရှိတဲ့ လူငယ်တွေပေါ့၊ မကြာခဏ လုပ်နေတာတွေ့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မျက်မြင်တွေ့ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ယခင်က စစ်ကားများကိုသာ အများစု အသုံးပြုလေ့ရှိသော်လည်း နိုင်ငံရေးနှင့်သက်ဆိုင်သည့် နေ့ကြီးရက်ကြီးများတွင် အိမ်စီးကား၊ လူမှုရေးအသင်းများမှ ကူညီကယ်ဆယ်ရေး အရေးပေါ် ကားများကိုလည်း အသုံးပြုကင်းလှည့်လေ့ရှိသည်ဟု လှိုင်သာယာ အနောက်ပိုင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ယခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားအသုံးပြု စစ်မှုထမ်း လူစုမှုများ ဖြစ်ပေါ်နေသည့်အတွက် လူငယ်များ သတိဖြင့် သွားလာကြရန်နှင့် မဖြစ်မနေ ခရီးသွားလာရမည်ဆိုပါကလည်း ပတ်ဝန်းကျင်သို့ အမြဲမပျက် အကဲခတ်သွားလာရန် တိုက်တွန်းလိုသည်ဟု ဧရာဝတီတိုင်းအတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

Most read this week

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...