- စစ်ကောင်စီဟာ ဖားကန့်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ဆင်ရေး ပြန်လည်လုပ်ဆောင်နေရာ ဒီအပတ်အတွင်း ဖားကန့်လမ်းပိုင်းမှာ အရေးပါတဲ့ နမ့်ယားကျေးရွာကို ရောက်ရှိသွားပြီး KIA နဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။
- KIO အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ ချီဖွေမြို့မှာ ပညာရေးနဲ့ပတ်သက်ပြီး တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတွေကို ခန့်အပ်ပေးကာ ကလေးတွေ ပညာရေးနောက်မကျအောင် ဆောင်ရွက်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။
- ကချင်ပြည်နယ်တင်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာမှာ စိုးရိမ်စရာမလို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတဲ့အရာ ဘာမှမရှိတဲ့အထဲ အဆိုးရွားဆုံးကတော့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးထားတာဖြစ်ပါတယ်။ သတင်းမီဒီယာလွတ်လပ်မှုနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ထဲက အခြေအနေကို ဂျာဘောက်ရာက တင်ဆက်ထားပါတယ်။






