ဖားကန့်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ထိုးစစ်ဆင်၊ KIA နဲ့ တိုက်ပွဲဖြစ်ပွား

ဖားကန့်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ထိုးစစ်ဆင်၊ KIA နဲ့ တိုက်ပွဲဖြစ်ပွား

- စစ်ကောင်စီဟာ ဖားကန့်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ဆင်ရေး  ပြန်လည်လုပ်ဆောင်နေရာ ဒီအပတ်အတွင်း ဖားကန့်လမ်းပိုင်းမှာ အရေးပါတဲ့ နမ့်ယားကျေးရွာကို ရောက်ရှိသွားပြီး KIA နဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။

- KIO အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ ချီဖွေမြို့မှာ ပညာရေးနဲ့ပတ်သက်ပြီး တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတွေကို ခန့်အပ်ပေးကာ ကလေးတွေ ပညာရေးနောက်မကျအောင် ဆောင်ရွက်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။

- ကချင်ပြည်နယ်တင်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာမှာ စိုးရိမ်စရာမလို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတဲ့အရာ ဘာမှမရှိတဲ့အထဲ အဆိုးရွားဆုံးကတော့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးထားတာဖြစ်ပါတယ်။ သတင်းမီဒီယာလွတ်လပ်မှုနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ထဲက အခြေအနေကို ဂျာဘောက်ရာက တင်ဆက်ထားပါတယ်။

January 16, 2026
- ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကြောင့်...
January 15, 2026
- လူငယ်တွေ အရည်အသွေးတိုးတက်လာအောင် လေ့ကျင့်သင်ကြားပေးနေတဲ့ ရောင်နီ...
January 14, 2026
- မြန်မာနိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့ မြစ်ဆုံမှာ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်တာကို လုံးဝ...
January 14, 2026
- ကော်သူးလေတပ်မတော်-KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြဦးဆောင်တဲ့အဖွဲ့က ကော်သူးလေ သမ္မတ...