မတ္တရာနှင့် စဉ့်ကူမြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရပြီး လူထိခိုက်မှုရှိ

မတ္တရာနှင့် စဉ့်ကူမြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရပြီး လူထိခိုက်မှုရှိ
မန္တလေးတိုင်း၊ မတ္တရာနယ် အရှေ့ခြမ်းရှိ ရုံးပင်ကျေးရွာ ဧပြီလ ၂၇ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် နေအိမ်တလုံးကို တွေ့ ရစဉ် ( Voice Of Mandalay )
မန္တလေးတိုင်း၊ မတ္တရာနယ် အရှေ့ခြမ်းရှိ ရုံးပင်ကျေးရွာ ဧပြီလ ၂၇ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် နေအိမ်တလုံးကို တွေ့ ရစဉ် ( Voice Of Mandalay )

မန္တလေးတိုင်းထဲက မတ္တရာနှင့် စဉ့်ကူမြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရပြီး လူထိခိုက်မှုရှိနေပြီး မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ရုံးပင်ကျေးရွာ လေကြောင်းတိုက်ခံရမှုတွင် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် နှစ်လုံး ပျက်စီးသွားကြောင်း Voice Of Mandalay အဖွဲ့ က မဇ္ဈိမသို့ ပြောသည်။

ထို ရုံးပင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဧပြီလ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့် တွင် ပေါင်း ၅၀၀ ဗုံးသီး နှစ် လုံးကြဲချ သွားခြင်းဖြစ်ကြောင်း ဆိုသည်။

“ပထမတလုံးကရွာထဲ ကျပြီး အမျိုးသမီးတဦးထိခိုက်တယ်၊ တိုက်နှစ်လုံးပြိုတယ်၊ ဒုတိယ တလုံးက လယ်ကွင်းထဲကျပြီး ပေါက်ကွဲတာ အထိအခိုက်မရှိဘူး” ဟု Voice Of Mandalay အဖွဲ့က မဇ္ဈိမသို့ ပြောသည်။

မတ္တရာနယ်အရှေ့ခြမ်းကို တော်လှန်ရေးတပ်ဖွဲ့ များက စိုးမိုးထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ကလည်း မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ယင်းအပြင် စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေကြောင်းတိုက်ခိုက်ခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၇ ရက်နေ့ တရက်တည်းမှာပင် စစ်ကောင်စီတပ်ဖွဲ့သည် စဥ့်ကူးမြို့ပေါ် ရှိ အထက စာသင်ကျောင်းအရှေ့ဘက်တွင် တကြိမ်နှင့် မဟာဝေယံဘုံသာ ဘုန်းကြီးကျောင်း မြောက်ဘက်တကြိမ် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ လူထိခိုက်မှု မရှိသော်လည်း အဆောက်အဦး သုံးလုံးထိခိုက်ပျက်စီးသွားကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စဉ့်ကူးမြို့နယ်သည်လည်း တော်လှန်ရေးတပ်ဖွဲ့များ အလုံးစုံးထိန်းချုပ်ထားသည့် မြို့နယ်တခုဖြစ်ပြီး စစ်ကောင်စီက မြေပြင်စစ်ကြောင်းဖြင့် မလာနိုင်သည့် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ သည် ၎င်းတို့ မထိန်းချုပ်နိုင်တော့သည့် မြို့နယ်များတွင် ပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ပြည်သူများအနေဖြင့် လေကြောင်း အန္တရယ် အသိ၊ သတိနှင့် နေထိုင်ကြရန်နှင့် ပုန်းခိုကျင်းများ တူးဖော်ထားကြရန်အတွက်လည်း ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်း ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ပိုင်း အချိန်ကလည်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...