မန္တလေး-မြစ်ကြီးနား လေယာဥ်လက်မှတ် စျေးအဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်ခဲ

မန္တလေး-မြစ်ကြီးနား လေယာဥ်လက်မှတ် စျေးအဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်ခဲ
မြစ်ကြီးနား လေယာဉ်ကွင်း။ Photo - Crd
မြစ်ကြီးနား လေယာဉ်ကွင်း။ Photo - Crd

မန္တလေး – မြစ်ကြီးနား လေယာဥ်လက်မှတ်စျေး အဆမတန်မြင့်တက်နေပြီး ဝယ်ယူရလည်း ခက်ခဲတယ်လို့ ခရီးသည်တွေပြောပါတယ်။

လက်ရှိ မန္တလေး–မြစ်ကြီးနားကို ပြေးဆွဲနေတဲ့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း၊ မန်းရတနာပုံ၊ အေးကမ္ဘောဇလေကြောင်းလိုင်းတွေရဲ့ လက်မှတ်‌ဈေးနှုန်းတွေဟာ ကျပ် ၇ သိန်းဝန်းကျင်အထိ စျေးတက်နေတယ်လို့ လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက KNG ကို ပြောပါတယ်။

“မန္တလေးကနေ မြစ်ကြီးနားထိ ၆ သိန်းကျော် ၇ သိန်းဝန်းကျင်ရှိတယ်။ မန္တလေး– ပူတာအို ဆိုရင်တော့ ဘယ်လေကြောင်းလိုင်းဖြစ်ဖြစ် ၉ သိန်းဝန်းကျင်အထိရှိတယ်။ ကြိုတင်ဝယ်ထားရင်တော့ ၈ သိန်းဝန်းကျင်ပဲ အနီးကပ်မှဝယ်ရင် ၉ သိန်းတစ်သောင်းလောက်ရှိတယ်” လို့ မြစ်ကြီးနားမြို့မှ လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

မန္တလေး – မြစ်ကြီးနားသာမက အလားတူ မန္တလေး– ပူတာအို လေယာဥ်လက်မှတ်တွေလည်း ဈေးအဆမတန်မြင့်တက်နေပြီး ဝယ်ယူရခက်တယ်လို့ မန္တလေးဆင်းမယ့် ပူတာအို‌ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

“ဒီလ (ဧပြီ) ဆယ်ရက်ကျော်လောက် မန္တလေးဆင်းချင်တာ လက်မှတ်ကမရဘူး ၅ လပိုင်းကုန်ခါနီးထိ စောင့်ရမယ်တဲ့။ မန္တလေး–ပူတာအိုက အတက်ကော အဆင်းကော ၅ လပိုင်း ၂၀ ကျော်အထိ လက်မှတ်တွေ ကုန်နေပြီတဲ့ ဝယ်မရဘူး” လို့ အသက် ၂၉ နှစ်အရွယ် ခရီးသည်တစ်ဦးက ပြောပါတယ်။

ပူတာအို–မန္တလေး အတက်အဆင်း လေယာဥ်လက်မှတ်တွေ ၅ လပိုင်းကုန်အထိ ဝယ်မရဖြစ်နေသလို မြစ်ကြီးနား–မန္တလေးကြား လေယာဥ်လက်မှတ်တွေလည်း ဧပြီလကုန်ပိုင်းအထိ ကုန်နေပြီလို့ လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေဆီကနေ သိရပါတယ်။

မန္တလေး–မြစ်ကြီးနား ကားလမ်းပိုင်းမှာ ယခုနောက်ပိုင်း ခရီးသွားလူငယ်တွေ ပေါ်တာဆွဲခံရတာ၊ တိုက်ပွဲတွေ မကြာခနဖြစ်ပွားတာတွေကြောင့် လေကြောင်းဖြင့် ခရီးသွားလာသူ ပိုများလာသလို ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းမှာလည်း လူငယ်တွေ ခရီးသွားလာခွင့် တားမြစ်ခံထားရဆဲဖြစ်တာကြောင့် လေကြောင်းလိုင်းကနေ ခရီးသွားလာသူပိုများလာတဲ့အတွက် ခုလို လေယာဥ်လက်မှတ်စျေးတက်ပြီး ဝယ်ယူဖို့ခက်ခဲလာတာလို့ ခရီးသွားပြည်သူတွေ ဆိုကြပါတယ်။

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြစ်ကြီးနား–မန္တလေး လေယာဥ်လက်မှတ်စျေးနှုန်းတွေဟာ လေကြောင်းလိုင်းပေါ်မူတည်ပြီး ကျပ် ၄ သိန်းကနေ ကျပ် ၅ သိန်းဝန်းကျင်၊ လက်ရှိ ကျပ် ၆ သိန်းက‌နေ ၇ သိန်းဝန်းကျင်၊ ပူတာအို–မန္တလေးအထိ ယခင်ကျပ် ၆ သိန်းဝန်းကျင်၊ လက်ရှိ ကျပ် ၉ သိန်းဝန်းကျင်အထိ မြင့်တက်လာပါတယ်။

ဒါ့အပြင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်လည်း ပြီးခဲ့တဲ့မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်သွားတဲ့ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး လေကြောင်းလိုင်းတွေ ယာယီရပ်နားခဲ့ရာကနေ ဧပြီလ ၅ ရက်နေ့မှာ ပြန်လည်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...