ညောင်ကျိုးတိုက်ပွဲမှ ထွက်ပြေးပျောက်ဆုံးနေသည့် ဗျူဟာမှူးနှင့်အဖွဲ့ကို စစ်ကောင်စီက အပူတပြင်းလိုက်ရှာနေ

ညောင်ကျိုးတိုက်ပွဲမှ ထွက်ပြေးပျောက်ဆုံးနေသည့် ဗျူဟာမှူးနှင့်အဖွဲ့ကို စစ်ကောင်စီက အပူတပြင်းလိုက်ရှာနေ

ရခိုင်-ပဲခူးအစပ် ရိုးပေါ်ရှိ ညောင်ကျိုးတိုက်ပွဲအတွင်းမှ ထွက်ပြေးပျောက်ဆုံးနေသည့် ဗျူဟာမှူးနှင့်အဖွဲ့ကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အပူတပြင်း လိုက်ရှာနေကြောင်း သတင်းရရှိသည်။

ဗျူဟာမှူးဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညောင်ခြေထောက်နှင့် ကာကွယ်ရေးပစ္စည်းစက်ရုံမှ စစ်ကောင်စီစစ်ကြောင်းများက စစ်ကြောင်းထိုးကာ လိုက်လံရှာဖွေနေခြင်းဖြစ်သည်ဟု ဥသျှစ်ပင်ဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကပစနဲ့ ညောင်ခြေထောက်က စစ်ကြောင်း သုံးဖွဲ့ခွဲပြီး လိုက်ရှာနေတယ်။ ဗျူဟာမှူးက သေလား၊ ရှင်လား၊ ပျောက်နေတာလား၊ ထွက်ပြေးတာလား မသိရဘူး။ ဒါကြောင့် အသည်းအသန် လိုက်ရှာနေကြတယ်" ဟု ပြောသည်။

စစ်ကြောင်းထိုးမှုနှင့်အတူ ကပစနှင့် ညောင်ခြေထောက်ဖက်မှ စက်တပ်လေထီး၊ လက်နက်ကျည်များဖြင့် ညောင်ကျိုးစခန်းဖက်သို့ ပစ်ခတ်နေသည်ဟုလည်း ဒေသခံမြေပြင်သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"အခု လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတယ်။ စစ်ကြောင်းလည်းထိုး၊ လက်နက်လည်း ပစ်နေတယ်" ဟု ပြောသည်။

ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိပြီး နောက်ထပ်တပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျားထွက်ပြေးနေကြောင်း သိရသည်။

ပဲခူးတိုင်းရှိ ညောင်ကျိုးဗျူဟာစခန်းကုန်းကို ဧပြီ ၂ ရက်တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ထားသည်။

ညောင်ကျိုးစခန်းကို မတ်လ (၁၇) ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၁၆) ရက်ကြာအောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...
August 25, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ စိမ်းညင်းဝကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ...
ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...