စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ ပြည်ပထွက်ခွာမှု မြင့်တက်လာ

စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ ပြည်ပထွက်ခွာမှု မြင့်တက်လာ
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် စက်ရုံအချို့မှ အမျိုးသမီးများကို ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - RFA
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် စက်ရုံအချို့မှ အမျိုးသမီးများကို ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - RFA

စစ်မှုထမ်းနည်းဥပဒေကြောင့် အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်ခံရမည်ကို စိုးရိမ်၍ ယခုရက်ပိုင်းတွင် ရန်ကုန်က အမျိုးသမီးငယ်များမှာ တရားမဝင် ပြည်ပထွက်ခွာမှုများ မြင့်တက်လာနေကြောင်း ပြည်ပအလုပ်အကိုင်ရှာပေးနေသည့် အကျိုးဆောင်အဖွဲ့များထံမှ သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှစပြီး စစ်မှုထမ်းနည်းဥပဒေကို ပြဌာန်းလိုက်ပြီးနောက် ရန်ကုန်မြို့တွင် လူငယ်များကို စစ်ကောင်စီမှ ဖမ်းဆီးခြင်း၊ စစ်မှုထမ်း စာရင်းကောက်ခံခြင်းများကို ဆက်တိုက်လုပ်လာနေ၍ လုံခြုံရေးစိုးရိမ်ချက်ကြောင့် ပြည်ပထွက်ခွာမှု ဆက်တိုက် မြင့်တက်လာနေခြင်း ဖြစ်သည်။

"ဒီရက်ပိုင်း ပြည်ပသွားချင်လို့ဆိုပြီး မိန်းကလေးတွေပဲ ဆက်သွယ်လာတာများတယ်။ အများစုက ရန်ကုန်က လာကြတာ မိန်းကလေးတွေ များတယ်။ သွားတဲ့အခါမှာတော့ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး နည်းမျိုးစုံနဲ့ သွားကြတယ်" ဟု ပြည်ပသို့ အလုပ်သမားပို့ဆောင်နေသည့် ပွဲစားအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်က နိုင်ငံခြားထွက်ခွာရန် ဆက်သွယ်လာသူ တစ်ရက်လျှင် အများဆုံး ၃ ယောက်ခန့်သာ ရှိခဲ့သော်လည်း ယခုနှစ်၊ ဇန်နဝါရီလမှစ၍ တစ်ရက်လျှင် လူ ၁၀ ကျော်အထိ ဆက်သွယ်မှုများရှိလာကြောင်း သိရသည်။

"ဒီမှာနေရာတာက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု လုံးဝမရှိဘူး။ ဘယ်အချိန် ပေါ်တာဆွဲခံရမလဲ။ ဘယ်အချိန် စစ်မှုထမ်း စာရင်းပါမလဲ ဆိုပြီး တွေးပူနေရပါတယ်။ ဒါကြောင့် နယ်စပ်ကို သွားကြတဲ့ သူငယ်ချင်းတွေလည်း ရှိနေတယ်" ဟု လှိုင်သာယာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရန်ကုန်တွင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ ယာယီနေထိုင်သူ၊ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်နေသူ အမျိုးသမီးအများအပြားရှိပြီး လက်ရှိတွင် ဒေသအနှံ့ တိုက်ပွဲများကြောင့် မိမိနေရပ်ပြန်ရန်လည်း ခက်ခဲနေကြောင်း ပြောကြသည်။

စစ်ကောင်စီမှ စစ်မှုထမ်းနည်းဥပဒေအရ အသက် ၁၈ နှစ်မှ ၂၇ နှစ်အရွယ်ထိ စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးစာရင်းများကို ဇန်နဝါရီလကုန်ပိုင်းမှ ရန်ကုန်တိုင်း၏ မြို့နယ်အများစုတွင် စာရင်းကောက်ယူမှုများ ရှိနေသည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းစာရင်းအကျုံးဝင်သည့် အမျိုးသမီးများမှာ အလုပ်အသွားအပြန် လုံခြုံမှုမရှိခြင်းတို့ကြောင့် စက်ရုံအလုပ်များမှ အလုပ်ထွက်ခြင်း၊ သင်တန်းကျောင်းသူ အချို့မှာလည်း သင်တန်းများကို အွန်လိုင်းမှတစ်ဆင့် သင်ယူခြင်းတို့ကို ပြုလုပ်လာကြကြောင်း သိရသည်။

ပြည်ပသို့ ထွက်ခွာရာတွင်လည်း နယ်စပ်ဒေသများတွင် လူပွဲစားများထံ လိမ်လည်ခံရမှုများ၊ အမျိုးသမီးများ လူကုန်ကူးခံရသည့် ဖြစ်စဥ်များလည်း ရှိနေသဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းဉပဒေကြောင့် နိုင်ငံတဝန်းက အမျိုးသမီးများအတွက် နစ်နာကြောင်း ဝေဖန်နေကြသည်။

"နယ်စပ်ဒေသတွေမှာ လိမ်လည်တာတွေ၊ အမျိုးသမီးတွေအပေါ် လူကုန်ကူးတဲ့ ဆိုးရွားတဲ့ ဖြစ်စဥ်တွေ ရှိတဲ့အခါကျတော့ အမျိုးသမီးတွေက ဘယ်ဘက်က ကြည့်ကြည့် အရင်ကာလမှာလည်း လူမှုရေး ဖိနှိပ်ခံရတယ်။ ဒီကိစ္စတွေ ဖြစ်တဲ့ အခါကျတော့လည်း အမျိုးသမီးတွေ ပိုပြီးနစ်နာရတယ်လို့ ကျမတို့ မြင်တွေ့နေရတယ်" ဟု အမျိုးသမီးအရေးလှုပ်ရှားသူ အမျိုးသမီးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ စစ်သင်တန်းကျောင်းများတွင် စစ်မှုထမ်းသင်တန်း အပတ်စဥ် (၉) အထိ ဖွင့်လှစ်ထားပြီး ဇန်နဝါရီလအတွင်း ရန်ကုန်မြို့မှ လူငယ် (၄၇၅) အထိ ဖမ်းဆီးခံရကြောင်း Rangoon Scout Network က ထုတ်ပြန်ထားသည်။

၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...