စခန်းတွင်း လူမှုပတ်ဝန်းကျင် ကျန်းမာရေးကို ဆောင်ရွက်နေတဲ့ Environment Health (EH) လုပ်ငန်းလည်း ရပ်ဆိုင်းခံရပေမယ့် စေတနာ့ဝန်ထမ်းတွေနဲ့ ဆက်လက်ဆောင်ရွက်မယ်လို့ဆို

စခန်းတွင်း လူမှုပတ်ဝန်းကျင် ကျန်းမာရေးကို ဆောင်ရွက်နေတဲ့ Environment Health (EH) လုပ်ငန်းလည်း ရပ်ဆိုင်းခံရပေမယ့် စေတနာ့ဝန်ထမ်းတွေနဲ့ ဆက်လက်ဆောင်ရွက်မယ်လို့ဆို

နိုင်ငံတကာ ကူညီကယ်ဆယ်ရေးကော်မတီ (IRC) လက်အောက်က ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်တဲ့ထဲ ကရင်နီဒုက္ခသည်စခန်း (၁) မှာ လူမှုပတ်ဝန်းကျင် ကျန်းမာရေးကို ဆောင်ရွက်နေတဲ့ Environment Health (EH) လုပ်ငန်းလည်း ပါဝင်တယ်လို့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ EH ကြီးကြပ်ရေးမှူး စူးရယ်က ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

Environment Health Program (ပတ်ဝန်းကျင်ကျန်းမာရေး) ဟာ IRC ကနေ တိုက်ရိုက် ထောက်ပံ့ပေးနေတာဖြစ်ပြီး ကဏ္ဍခွဲ ၆ ခုရှိတယ်လို့ သိရပါတယ်။

အရေးကြီးတဲ့ ရေဖြန့်ဝေခြင်းနဲ့ အမှိုက်သိမ်းစနစ်ကို ဝန်ထမ်းတချို့က စေတနာ့ဝန်ထမ်းတွေအဖြစ် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ရေအသုံးပြုတဲ့နေရာမှာ ရပ်ကွက်အတွင်းပဲဖြစ်ဖြစ် လူထုအတွက် အခက်ခဲဖြစ်မှာပဲပေါ့နော်။ အဲ့ဒါတွေကတော့ ကျနော်တို့ဘက်က တွေးပူစရာလေးတွေ ဖြစ်တာပေါ့နော်။ နောက်ပြီးတော့ အမှိုက်ဆိုလည်း ဒီလောက်ထိန်းချုပ်နေတာတောင်မှာ ပွနေတယ်ဆိုတော့ အကယ်၍ မရှိတော့ဘူးဆိုရင်တော့ ဘယ်လိုထပ်လာမလဲ။ အရေးကြီးတာက ဒီနှစ်ခုပေါ့နော်” လို့ ကြီးကြပ်ရေးမှူး စူးရယ်က ပြောပါတယ်။

ကဏ္ဍခွဲ ၆ ခုကတော့ Pipe Line Team (ပိုက်လိုင်းတပ်ဆင်ရေးအဖွဲ့ )၊ Construction and stove making Team (ဆောက်လုပ်ရေးနဲ့ မီးဖိုထုတ်လုပ်ရေးအဖွဲ့)၊ School EH and EH Volunteer ၊ Soap Production Team (ဆပ်ပြာထုတ်လုပ်ရေးအဖွဲ့)၊ Vector control and garbage collection ( VG Team – ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အမှိုက်သန့်ရှင်းရေး) ၊ Chlorine Team (ကလိုရင်းဆေးခတ်ခြင်း) တို့ ဖြစ်ပါတယ်။

လူထုတွေဝန်ဆောင်မှု ရယူနေတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းခံလိုက်ရတာကြောင့် ငွေးကြေးကြပ်တည်းတဲ့ စခန်းနေ မိသားစုတွေအတွက် အခက်အခဲဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရေအခက်အခဲမဖြစ်စေဖို့အတွက် စေတနာ့ဝန်ထမ်းတွေကနေ စီမံခန့်ခွဲသွားမယ်လို့ ဆိုပါတယ်။

“လုံးဝ ရေက ပြတ်တောက်သွားမယ်ဆိုရင် သူတို့က စီမံခန့်ခွဲပေးမယ်ပေါ့နော်။ စေတနာ့ဝန်ထမ်းလို့ပြောပေမယ့် သူတို့ စတိုင်ပင်တော့ ရမလား၊ မရဘူးလား မသိဘူး နာမည်တော့ ပို့ပေးထားတယ် သူတို့ ၁၀ ယောက်ကို။ ရပ်ကွက်တွင်းမှာ ကူညီပံ့ပိုးပေးမယ်ပေါ့နော်။ သူတို့ရုံးမှာတော့ တပတ် နေ့တပိုင်းလား တရက်လား လာစုစည်းကြပြီးတော့ ရပ်ကွက်ထဲလှုပ်ရှားကြမယ်ပေါ့။ စေတနာ့ဝန်ထမ်းတွေအနေနဲ့ ဆက်လုပ်သွားကြမယ်ပေါ့” လို့ ကြီးကြပ်ရေးမှူး စူးရယ်က ဆက်ပြောပါတယ်။

ကရင်နီ ဒုက္ခသည်စခန်းအမှတ် (၁) မှာ International Rescue Committee (IRC) က ထောက်ပံ့ပေးနေတဲ့ ကျန်းမာရေးနဲ့ဆက်စပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းအားလုံးကို ရက်ပေါင်း ၉၀ ရပ်ဆိုင်းလိုက်ပြီး နောက်ပိုင်း ဖြစ်ပေါ်လာမယ့် အပြောင်းအလဲပေါ်မူတည်ကာ environment Health လုပ်ငန်းကဏ္ဍတွေကို နည်းလမ်းရှာဖွေပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...
July 24, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လုံခြုံရေး အခြေ...
July 23, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို ဇူလိုင်လတတိယပတ်မှစ၍ စစ်ကောင်စီတပ်က...
July 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း၌ ဇူလိုင်လ ၂၁ ရက်နေ့က နွားကျောင်းနေသည့် အမျိုးသားနှစ်ဦးကို...