တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့စစ် (PNO) က အဆိပ်ငွေ့ပါတဲ့ လက်နက်ကြီးတွေ အသုံးပြုလာ၊ အဆိပ်သင့်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖျားနာမှုခံစားရ

တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့စစ် (PNO) က အဆိပ်ငွေ့ပါတဲ့ လက်နက်ကြီးတွေ အသုံးပြုလာ၊ အဆိပ်သင့်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖျားနာမှုခံစားရ
ဓါတ်ပုံ - PNLA
ဓါတ်ပုံ - PNLA

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသအတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် (PNO) က အဆိပ်ငွေ့ပါတဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

အဆိပ်သင့်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဖျားနာလာတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“အဲ့လို အဆိပ်သင့်ကျည်တွေကြောင့် ကျနော်တို့ ရဲဘော်တွေ အရေပြားယားယံတာ၊ အပြင်းအထန် ဖျားနာတာ ခံစားရတာတွေလည်း ရှိပါတယ်” လို့ ခွန်ရိန်းယံက ပြောပါတယ်။

ဒီလ ၂၄ ရက်နေ့မှာ ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းက ပအိုဝ်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်လာပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတစ်လုံးကို PNLA မှ တူးဖော်ရရှိခဲ့ကာ လက်နက်ကြီးကျည်မှာ အဆိပ်ကျည်ဖြစ်တာကို တွေ့ရှိခဲ့တာပါ။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အဆိပ်ငွေ့ပါတဲ့ လက်နက်ကျည်ကို လေကြောင်းသုံး တိုက်ခိုက်ချိန်မှာ အသုံးပြုလာတာရှိတယ်လို့ ခွန်ရိန်းယံက အခုလို ဆက်ပြောပါတယ်။

“ဒါကတော့ ကျနော်တို့ တူးဖော်ရရှိတဲ့ တစ်လုံးပေါ့နော်။ သူတို့ (စစ်ကောင်စီ) ဖက် အဆိပ်သုံးလာတာကတော့ အလုံးရေပေါင်းများစွာ ရှိပါပြီ။ ဒါက မပေါက်ကွဲသေးလို့ ကျနော်တို့ တူးဖော်ရရှိတာပါ။ စစ်ကောင်စီ အဆိပ်သုံးတာကတော့ အရင်တစ်နှစ် ဆီဆိုင်မှာ တိုက်ပွဲဖြစ်ကတည်းက သုံးနေတာပါ” လို့ သူက ဆိုပါတယ်။

အဆိပ်ငွေ့ပါတဲ့ ဗုံးတွေကို အသုံးပြုနေတာရှိပေမဲ့ လက်နက်ကြီးကိုတော့ ပထမဆုံးအကြိမ် တွေ့ရှိတာဖြစ်တယ်လို့ PNLA ရဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပအိုဝ်းကျေးရွာတွေကို လက်နက်ကြီးနဲ့ နေ့စဥ် ပစ်ခတ်ဖျက်ဆီးလျက်ရှိရာ အဆိပ်ပါတဲ့ လက်နက်ကြီးကျည်တွေပါ ကျေးရွာအတွင်း ပစ်ခတ်နေတယ်လို့လည်း ခွန်ရိန်းယံက ဖြည့်စွက်ပြောဆိုထားပါတယ်။

အဆိပ်ငွေ့ပါတဲ့ လက်နက်ကျည်တွေကို ရှမ်းတောင်က ဆီဆိုင်တိုက်ပွဲတွေအပြင် ရှမ်း-ကရင်နီ နယ်စပ်က တိုက်ပွဲမှာလည်း အဆိပ်ငွေ့ပါတဲ့ ဒရုန်းဗုံးတွေ တိုက်ခိုက်တာ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မိုးဗြဲတိုက်ပွဲအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရပြီး S-PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားတွေ စစ်ကောင်စီက ထည့်သွင်းအသုံးပြုထားတယ်လို့ KNDF က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိပ်ငွေ့ကြောင့် မီးခိုးအများအပြားထွက်လာပြီး ရှုရှိုက်မိခဲ့တဲ့ တော်လှန်‌‌ရေးရဲဘော်တွေက မူးဝေခြင်း၊ ခေါင်းမူးခြင်း၊ အော့အန်ခြင်း၊ အိပ်ချင်လာခြင်း၊ ခန္ဓာကိုယ်အားပြတ်ခြင်း စတဲ့ဝေဒနာတွေကို ခံစားခဲ့ရသလို ခန္ဓာကိုယ်ကို နုံးသွားစေပြီး ပြန်လည်အနားယူမှသာ သက်သာလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရှိရပါတယ်။

Most read this week

ဓာတ်ပုံ - Thai PBS North
January 21, 2026
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ၊ မနက် ၁ နာရီဝန်းကျင်မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (...
၂၀၂၅ခုနှစ် သြဂုတ်လအတွင်း ရှမ်းပြည်တောင်ပိုင်းက နောင်ဗိုလ်ကျေးရွာကို PNO မိးရှို့မှုကြောင့် နေအိမ် မီးလောင်စဉ် (ဓါတ်ပုံ - PNLA )
January 20, 2026
ရှမ်းပြည်တောင်ပိုင်း ၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စုမှာရှိတဲ့ ခြိင်းနင် ကျေးရွာကို...
ကရင်နီပြည်က အကျဉ်းထောင်တနေရာကို တွေ့ရစဉ် (ပုံဟောင်းအသုံးပြုထားသည်။)
January 19, 2026
ကရင်နီပြည် ၊ သံလွင်အရှေ့ခြမ်းက အကျဉ်းထောင်တခုမှာ မနေ့က ဇန်နဝါရီလ ၁၈ ရက်၊ မနက်စောပိုင်းက...
January 17, 2026
ရှမ်းပြည်တောင်ပိုင်း- ကရင်နီပြည် နယ်စပ်က ကျေးရွာခံအချို့နဲ့ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့...