ထားဝယ် အထူးစီးပွားရေးဇုန်အနီး ကျေးရွာများတွင် စစ်ကြောင်းဝင်လာ၍ ထွက်ပြေးတိမ်းရှောင်ရ

ထားဝယ် အထူးစီးပွားရေးဇုန်အနီး ကျေးရွာများတွင် စစ်ကြောင်းဝင်လာ၍ ထွက်ပြေးတိမ်းရှောင်ရ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာသို့ အင်အားဖြည့်ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကြောင့် အနီးရှိကျေးရွာများမှ ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရွာသားများက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့မှစတင်ပြီး အင်အား ၂၀၀ ဝန်းကျင်ဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ရေကြောင်းဖြင့် အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သည်။

ထို့နောက် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့်အတွက် နဘုလယ်ကျေးရွာ၊ လဲရှောင်ကျေးရွာ၊ ပရဒတ်ကျေးရွာနှင့် မူးဒူးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ထားဝယ် အထူးစီးပွားရေးဇုန်တစ်ဝိုက်က စစ်ကြောင်းတွေ မကြာခဏလာတယ်။ ပြီးရင် ရွာထဲကိုလာပြီး စစ်ကြောင်းထိုးတယ်။ ခဏခန ဒေသခံတွေလည်း ဖမ်းခံထိမှာကြောက်ပြီး ထွက်ပြေးတဲ့အခြေအနေ ဖြစ်တယ်။ တချို့ဒေသခံတွေကတော့ ထားဝယ်မြို့ပေါ်ဘက်ကိုရှောင်ပြီး အိမ်ငှားနေထိုင်ကြတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများအနေဖြင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကို စိုးရိမ်နေရပြီး၊ နီးစပ်ရာ တော၊ တောင်၊ ဥယျာဉ်ခြံများနီးသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ၎င်းအမျိုးက ဆက်ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်ဇန်နဝါရီ ၂၁ ရက်နေ့တွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုဖြစ်သည့် Ba Htoo-Army (BHA) ပူးပေါင်းစစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့်  စစ်ကောင်စီဘက်တွင် ဒဏ်ရာရသူများနှင့် သယ်ဆောင်လာသည့် ဒရုန်းနှင့် လက်နက်များ ပျက်စီးခဲ့သည်ဟု ရဲဘော်ထက်မြတ်က ပြောသည်။

အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာအတွင်းသို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးမှုရရှိနိုင်ရန်အတွက် မကြာခဏ စစ်ကြောင်းထိုးသည့်အတွက် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများနှင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထို့ကြောင့်  ကျေးရွာနေဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ရမှုများ ဖြစ်ပေါ်လျက်ရှိသည်။

June 30, 2026
ကရင်ပြည်နယ်အတွင်းရှိ မြဝတီ-ကော့ကရိတ်-ဖားအံ အာရှလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ခရီးသွားလူငယ်များကို...
June 29, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဗျက္ခကျေးရွာအုပ်စု၊ နောင်မဘုံ(နွန့်ဝါ့ဘုံ)ကျေးရွာတွင်...
Photo: AFP
June 27, 2026
ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဖြစ်သည့် မြဝတီ-မဲဆောက်အမှတ်(၂)တံတား...
Photo: KNU
June 26, 2026
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဘက်တံဆိပ်နှင့်ယူနီဖောင်းအသုံးပြု၍ စစ်အုပ်စုတပ်ဖွဲ့များ...