ရေကြီးနေချိန် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုပိုဆိုးလာ

ရေကြီးနေချိန် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုပိုဆိုးလာ

မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပေါ်ပေါ်ထင်ထင်လုပ်နေကြတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

လက်ရှိမှာ ရောင်းဝယ်သုံးစွဲမှု အဆိုးဆုံးနေရာက ရွာသစ်ရပ်ကွက်၊ အဘောက်ဆိုင်အနီး ကွန်ကရစ်လမ်းပေါ် ဖြစ်တယ်လို့ ဒေသခံတစ်ဦး KNG ကို ပြောပါတယ်။

“သူတို့ အရင်က သုံးစွဲနေတဲ့ နေရာတွေက ရေနစ်နေတယ်။ နောက်ပြီး ရဲတွေနဲ့ ဌာနဆိုင်ရာတွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အာရုံစိုက်နေရတဲ့အချိန်ကို အခွင့်ကောင်းယူပြီး လမ်းမပေါ်အထိ ကိုယ်တိုင်လာရောက် ရောင်းချနေကြတာပါ” လို့ သူက ဆိုပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို အများဆုံးတွေ့ရတဲ့အချိန်ကတော့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေ ဖြစ်ပြီး လူ ၂၀ ကနေ ၃၀ ဝန်းကျင်အထိ အုပ်စုလိုက်စုပြီး ရောင်းဝယ်သုံးစွဲနေကြတယ်လို့ သိရပါတယ်။

မြို့ခံတွေပြောတာက မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေသူတွေဟာ ရေက ခါးလောက်အထိတက်လာတဲ့ အခြေအနေမှာတောင် မရပ်တန့်သေးဘဲ ရောင်းဝယ်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကောင်းမှာ မူးယစ်ဒိုင်တွေကို ရှောင်ပြေးခိုင်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ပြည်နယ်အဆင့် တာဝန်ရှိသူတွေက မေလ ၂၆ ရက်နေ့မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မစခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်တွေအပြင် အခြားရဲတပ်ဖွဲ့ဝင်တွေကိုပါ လာရောက်စစ်ဆေးခဲ့ကြပါတယ်။

အဲဒီနောက် မေလ ၂၉ ရက်နေ့မှာတော့ ရဲဒုတပ်ကြပ် သောင်းဟိန်းစိုးနဲ့ ရဲတပ်သား မျိုးဝင်းထူးတို့ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၀ နီးပါးအတွက် ပြောင်းရွှေ့မိန့် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆက်တွဲအနေနဲ့ အဲဒီကာလ အတောအတွင်း မိုးကောင်းရပ်ကွက်တွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု အခြေအနေတွေ လျှော့ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။

“ဟိုတစ်လောက နည်းနည်းငြိမ်သွားပြီဟုတ်တယ်။ ခုကျတော့ ရေတက်နေချိန် ဘယ်သူကမှသူတို့ကိုအရေးမလုပ်ုနိင်တော့ အခွင့်ရေးကိုရနေကြတာ” လို့နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးပြောပါတယ်။

မူးယစ်ဆေးရောင်းဝယ်သူတွေဟာ ခုလို ရေကြီးလာတဲ့ အချိန်မှာတော့ လူတွေရွှေ့ပြောင်းဖို့ အလုပ်ရှုပ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါးတွေကို လွတ်လပ်စွာ ပြန်လည် ရောင်းဝယ်သုံးစွဲနေကြတာ ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ဆိုပါတယ်။

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...