ကရင်နီဒုက္ခသည်စခန်းမှာ ထိုင်းအောက်လွှတ်တော် ကော်မတီဥက္ကဋ္ဌ ကွင်းဆင်း

ကရင်နီဒုက္ခသည်စခန်းမှာ ထိုင်းအောက်လွှတ်တော် ကော်မတီဥက္ကဋ္ဌ ကွင်းဆင်း
ဓါတ်ပုံ - สำนักงานประชาสัมพันธ์ จังหวัดแม่ฮ่องสอน ( မယ်ဟောင်ဆောင်ခရိုင် ပြည်သူ့ဆက်ဆံရေးရုံး)
ဓါတ်ပုံ - สำนักงานประชาสัมพันธ์ จังหวัดแม่ฮ่องสอน ( မယ်ဟောင်ဆောင်ခရိုင် ပြည်သူ့ဆက်ဆံရေးရုံး)

ဒုက္ခသည်တို့ရဲ့ စီမံခန့်ခွဲမှုကို စောင့်ကြည့်လေ့လာဖို့အတွက် ထိုင်းနိုင်ငံ၊ မယ်‌ဟောင်ဆောင်ခရိုင်၊ ဘန့်မိုင်နန်းဆွိုင်စခန်း (ခေါ် ) ကရင်နီ ဒုက္ခသည်စခန်းအမှတ် (၁) မှာ ထိုင်းအောက်လွှတ်တော် ဥပဒေ၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ရန်စီမန်ရုမ်း က ဇွန် ၂၂ ရက်မှာ သွားရောက်ကွင်းဆင်းခဲ့တယ်လို့ ထိုင်းသတင်းက ဖော်ပြပါတယ်။ 

ဒုက္ခသည်လူထုတွေ အလုပ်လုပ်ကိုင်ခွင့်လုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီး အမြင်ဖလှယ်ဆွေးနွေးညှိနှိုင်းဖို့ စခန်းကော်မတီဝင်တွေနဲ့အတူ ကရင်နီဒုက္ခသည်စခန်းထဲကို လာရောက်ခဲ့တာလို့ ဆိုပါတယ်။ 

အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းဖို့ ဥပဒေရေးရာအစီအမံများ၊ မူးယစ်ဆေးဝါးပြဿနာများ၊ ကိုယ်ရေးကိုယ်တာအဆင့်အတန်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာပြဿနာတွေကို ဖြေရှင်းခြင်း၊ ဒုက္ခသည်များကို စီမံခန့်ခွဲခြင်းနှင့် ဆက်စပ်တဲ့ ဥပဒေရေးရာအစီအမံတွေ၊ အစိုးရ၏ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်တဲ့ ပြဿနာများ၊ အတားအဆီးနဲ့ အကြံပြုချက်တွေကို စစ်ဆေးဖို့၊ နားထောင်ဖို့ ကွင်းဆင်းမှုပြုလုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။ 

တွေ့ဆုံမှုမှာ ဒုက္ခသည်လူထုတွေရဲ့ အခြေခံနေထိုင်မှုအခြေအနေ၊ လူ့အခွင့်အရေးနဲ့ ပညာရေးဆိုင်ရာကိစ္စရပ်တွေကို ဒုက္ခသည် ကော်မတီဖက်က တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီတွေ့ဆုံမှုမှာ ဘာတွေပြောခဲ့လဲ၊ ဘယ်လိုဆုံးဖြတ်ချက်တွေရခဲ့လဲဆိုတာကိုတော့ ဒုက္ခသည် 

ကော်မတီဝင်တဦးကို ကန္တာရဝတီတိုင်း (မ်) က ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

ဆွေးနွေးမှုအတွင်း ရလာတဲ့ အချက်အလက်တွေကို  လူ့အခွင့်အရေးကာကွယ်မယ့် ဥပဒေရေးရာယန္တရားတွေ၊ စီမံခန့်ခွဲမှုနဲ့ အေဂျင်စီတို့အကြား ပေါင်းစပ်ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ဖို့ အကြံပြုချက်ရေးဆွဲရာမှာ အသုံးပြုမှာဖြစ်တယ်လို့လည်း သတင်းကပြောထားပါတယ်။ 

ဆွေးနွေးညှိနှိုင်းမှုမှာ ပြည်နယ်အစိုးရအရာရှိတွေ၊ မယ်ဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူး နဲ့ ယာယီခိုလှုံရာတာဝန်ခံ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ တခြားသက်ဆိုင်ရာတွေလည်း ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။

Most read this week

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...