လုံခြုံတဲ့နေရာမရှိကြောင်းပြောဆိုလာတဲ့ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ခံရတဲ့ ဘန်ကောက်စစ်ဘေးရှောင်များ

လုံခြုံတဲ့နေရာမရှိကြောင်းပြောဆိုလာတဲ့ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ခံရတဲ့ ဘန်ကောက်စစ်ဘေးရှောင်များ

- ရာသီအကူးအပြောင်းကြောင့် ကရင်နီပြည်မှာရှိတဲ့စစ်ရှောင်စခန်းက စစ်ဘေးရှောင်တွေ ဖျားနာမှု အဖြစ်များနေပြီး ဆေးဝါး၊ စောင်နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

- ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ ရွှေ့ပြောင်းတောင်ယာစပါးခင်းက စပါးနှံတွေကို ကြွက်တွေကိုက်ဖြတ်ဖျက်ဆီးတာကြောင့် စပါးအထွက်နှုန်းနည်းနေတယ်လို ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်သူတွေက ပြောပါတယ်။

- ဘန်ကောက်စစ်ရှောင်စခန်းကို ဒီနှစ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ စစ်ဘေးရှောင်တွေကတော့ ထပ်မံထွက်ပြေးမယ့်နေရာမရှိသလို လုံခြုံတဲ့နေရာဆိုတာ မရှိဘူးလို့ ပြောဆိုကြပါတယ်။

January 27, 2026
- ကျောက်ဖြူမှာ စစ်ကော်မရှင် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုမြင့်တက်လာနေပါတယ်။ -...
January 27, 2026
- လာမဲ့ ၇၉ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ်အတွက် ရှမ်းပြည်တောင်ပိုင်း...
January 26, 2026
-  ကချင်ပြည် ဗန်းမော်မြို့နယ်မှာ နာရေးရက်လည် ဆုတောင်းပွဲ လူအုပ်ထဲကို စစ်ကော်မရှင်က...
January 26, 2026
- မွန်နဲ့ ကရင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မုဒုံ-ရေလယ်-ဘုရားသုံးဆူလမ်းပိုင်းကို...