စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံတာမရှိဘူးလို့ စစ်တပ်လိမ်လည်ဝါဒဖြန့်

စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံတာမရှိဘူးလို့ စစ်တပ်လိမ်လည်ဝါဒဖြန့်

“စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအဖွဲ့တွေက စစ်မှုထမ်းဖို့ ငွေကြေးကောက်ခံတာ မရှိဘူး”ဆိုပြီး ဧရာဝတီတိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ငြင်းဆိုထားတဲ့ ရုပ်သံဖိုင်နဲ့ ဝါဒဖြန့်ချီနေပါတယ်။ ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ  နိုဝင်ဘာ ၁၈ ရက်နေ့က စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ဧရာဝတီတိုင်း ဟင်္သာတခရိုင် ဟင်္သာတမြို့ရဲ့  မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့ စစ်မှုထမ်း သင်တန်းသားမပေးနိုင်တဲ့ ရပ်ကွက်တွေကို ငွေကျပ်သိန်းဆယ်ချီတောင်းယူနေတာ ဖြစ်ပါတယ်။

ဟင်္သာတမြို့နယ်မှာ မြို့ပေါ် ၂၁ ရပ်ကွက်ရှိပြီး မြို့နယ်ခွဲ နှစ်ခုမှ ရပ်ကွက် ၁၀ ခုရှိရာ စုစုပေါင်း ရပ် ကွက် ၃၁ ခုကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆန်းထွန်းက ပြည်သူ့စစ်မှုထမ်းသင်တန်းသား မပေးနိုင်တဲ့ ရပ်ကွက်အလိုက်ကို ကျပ်ငွေသိန်းသုံးဆယ်ကျော်အထိ တောင်းယူနေတယ်လို့ ထွေအုပ်ရုံးနဲ့နီးစပ်သူတွေကိုယ်တိုင် လွတ်လပ်သော သတင်းဌာနတွေကို ပြောပြထားတာပါ။

ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ဆန်းထွန်းရဲ့ ညွှန်ကြားမှုနဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက နေ့စဉ်စာထုတ်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေပြီး ပြည်သူ့စစ်မှုထမ်းရရှိရေးနဲ့ အကြောင်းအမျိုးမျိုးပြ ငွေတောင်းယူနေတယ်လို့ ဧရာဝတီတိုင်းမ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဟင်္သာတမြို့နယ်မှာ စစ်မှုထမ်းမလိုက်နိုင်တဲ့ ကျေးရွာနဲ့ ရပ်ကွက်က အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ လူငယ်တစ်ဦးချင်းစီက ဩဂုတ်လကစပြီး  လစဉ်ကြေးကျပ်နှစ်သောင်းကို သက်ဆိုင် ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပေးရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟင်္သာတမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

ဧရာဝတီတိုင်းမ် သတင်းဌာနက ဖော်ပြထားတဲ့လင့် https://ayartimes.com/?p=45825 ...

RFAသတင်းဌာနက ဖော်ပြထားတဲ့လင့် https://www.facebook.com/story.php?story_fbid=989986386496097&id=1000645...

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှားဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

Most read this week

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...