အမ်းမြို့မှ ဌာနဆိုင်ရာအရာရှိများ စစ်ရဟတ်ယာဥ်ဖြင့် မကွေးမြို့သို့ တိမ်းရှောင်

အမ်းမြို့မှ ဌာနဆိုင်ရာအရာရှိများ စစ်ရဟတ်ယာဥ်ဖြင့် မကွေးမြို့သို့ တိမ်းရှောင်

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်နေပြီး ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအရာရှိများသည် စစ်ရဟတ်ယာဥ်ဖြင့် ထွက်ပြေးတ်ိမ်းရှောင်သွားကြောင်း ဒေသခံများနှင့်တပ်တွင်းနီးစပ်သူတဦးထံက သိရသည်။

အမ်းခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအပါအဝင် အရာရှိ ၁၀ဦး ဝန်းကျင်သည် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ရဟတ်ယာဉ်ကွင်းအတွင်း နိုဝင်ဘာလ၄ရက်က ဆင်းသက်သည့် ရဟတ်ယာဉ်နှစ်စီးဖြင့် လိုက်ပါသွားခြင်းဟု စစ်ကောင်စီဌာနဆိုင်ရာနှင့်နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။

၎င်းက ” ထွေအုပ်ရယ်၊ လဝကရယ် ရဲတပ်ဖွဲ့အရာရှိတွေကို အရင်တပတ်အထိ တာဝန်အရ အမ်းမြို့မှာပဲနေရမယ် စစ်ရှောင်ခွင့်လဲမရဘူး။ ခွင့်တင်လဲမရဘူး။ ဒါပေမယ့် ထွေအုပ်အုပ်ချုပ်ရေးမှူးတွေက စစ်ရဟတ်ယာဥ်နဲ့ မကွေးဘက်ရှောင်သွားတယ်။ ပြီးတော့သူတို့က ကျန်ခဲ့တဲ့ဌာနဆိုင်ရာတွေကို အသိမပေးဘဲ ထွက်သွားတဲ့ပုံစံ”ဟု ပြောသည်။

အမ်းခရိုင်အုပ်ချုပ်ရေးမှူးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတ်ိယတိုင်းမှူးသည် မိတ်ဆွေအရင်းချာများဖြစ်သောကြောင့် ရဟတ်ယာဥ်ဖြင့်ခေါ်ဆောင်သွားခြင်းဖြစ်နိုင်ပြီး ယခု မကွေးမြို့သို့ထွက်ခွာသွားမှုသည် ဌာနတာဝန်ဖြင့်မဟုတ်ကြောင်း ဌာနဆိုင်ရာများနှင့်နီးစပ်သူတဦးက ဆိုသည်။

ရဟတ်ယာဥ်ဖြင့်ခေါ်ဆောင်စဉ် အာရက္ခတပ်တော်(AA)ဘက်မှ ပစ်ခတ်မည်ကိုစိုးရိမ်သောကြောင့် နပခအနီးတဝိုက်တွင် လေကြောင်းမှ လမ်းကြောင်းရှင်းပစ်ကူပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်သွားသော အရာရှိများသည် မကွေးမြို့တွင် ရောက်ရှိနေကြောင်း မကွေးသို့ စစ်ရှောင်နေသည့်ဒေသခံအချို့ကမြင်တွေ့လိုက်သည်ဟု အမ်းမြို့ခံအချို့က ပြောသည်။

အမ်းခရိုင်နှင့်မြို့နယ်ထွေအုပ်အရာရှိများ ထွက်ပြေးတိမ်းရှောင်သွားသည့်အကြောင်းကို မေးမြန်းရန် အမ်းခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် မကွေးခရိုင်အုပ်ချုပ်ရေးမှူးရုံးအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရှိသေးပေ။

တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့တွင် တရားရေး၊ စားသုံးသူရေးရာ၊ အခွန်ဦးစီးဌာန၊ စာရင်းစစ်နှင့် ပညာရေးဌာနမှ အရာရှိများနှင့်ဝန်ထမ်းများကို ပြီးခဲ့သည့်အောက်တိုဘာလလယ်တွင် စစ်ကောင်စီက မြို့မှ ထွက်ခွာခွင့်ပြုခဲ့သည်။ လူဝင်မှုကြီးကြပ်ရေး(လဝက)၊ ပညာရေးဌာနမှအရာရှိအချို့နှင့် မြို့နယ်တရားသူကြီး၊ တရားရေးဝန်ထမ်းအချို့ကိုထွက်ခွာခွင့်မပြုခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

“ထွေအုပ်စာရေးကတော့ရုံးမှာ တံခါးပိတ်အလုပ်လုပ်နေကြတယ်။ ထွေအုပ်က ထွက်ခွင့်မပြုတဲ့ဌာနဆိုင်ရာက ဘယ်သူမှမပြေးရဘူး။ CDM ဖြစ်မယ်၊ ထောင်ချမယ်ပြောပြီး သူကျထွက်ပြေးသွားတယ်။ပြည်သူတွေကိုလည်း ဘေးလွတ်ရာပြေးဖို့ မပြောတဲ့အပြင် ခရီးသွားလာခွင့်ကိုလည်း ပိတ်ထားတာလေ။ အမ်းကသူတွေ ဒေါသထွက်နေကြတယ်”ဟု ဒေသခံတဦးက ပြောသည်။

အမ်းမြို့ပေါ်တွင် ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် ဒေသခံများအပါအဝင် လူဦးရေ ၅,၀၀၀ နီးပါး ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

အမ်းမြို့ပေါ်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာပြီး အမ်း-ပဒါန်းကားလမ်းရှိ အမ်းမြို့မှခြောက်မိုင်အကွာဂိတ်ကို AAနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ပိတ်ဆို့ထားကြောင်းသိရသည်။ နိုဝင်ဘာလ ၇ရက်တွင် အမ်းမြို့သစ်နှင့်မြို့ဟောင်းကြားရှိ ခမရ(၃၇၁)နှင့် အမ်းမြို့ဂေါက်ကွင်းအနီး ဒိုင်ကြီးကျေးရွာတို့၌ တိုက်ပွဲပြင်းထန်နေပြီး AAကလည်း လက်နက်ကြီးပစ်ကူများဖြင့် ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်မှလည်း လေကြောင်းပစ်ကူများဖြင့် တန်ပြန်ခုခံနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လတ်တလော၌ အမ်းမြို့နယ်အပြင် မောင်တောမြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်တို့၌လည်း စစ်ကောင်စီစခန်းများကို AAက တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေသည်။

ပုံအညွှန်း- အမ်းမြို့တွင်၂၀၂၂ ခုနှစ်ကပြုလုပ်ခဲ့သည့်ဌာနဆိုင်ရာအစည်းအဝေး၌ တွေ့ရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအရာရှိများ

(ဓါတ်ပုံ-စစ်ကောင်စီ MOI)

စစ်ခေါင်းဆောင်နှင့် စစ်ကော်မရှင်တပ်သားများအား ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
March 2, 2026
လုပ်သက်ရင့် စစ်ကော်မရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ကျပ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ...
ပုဂံတွင် ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့၌ လုံခြုံရေးကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ (Ye Aung THU - AFP)
February 28, 2026
ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိသည့် ပုဂံ၊ ညောင်ဦးမြို့နယ်တွင် လူပျောက်၊ ပြန်ပေးဆွဲမှုများ...
February 27, 2026
ရောင်နီ — မြန်မာနိုင်ငံတွင် စစ်လက်ကျန်မိုင်းများနှင့် မြေမြှုပ်မိုင်းများကြောင့် ကလေးသူငယ်...
စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
February 26, 2026
အာဏာသိမ်းစစ်ကော်မရှင်သည် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (Person Scrutinization and...