မော်လမြိုင်က ဆီဆိုင်မီးလောင်မှု ဒဏ်ရာရသူ ၂၀ ကျော်အနက် သေဆုံးသူရှိ

မော်လမြိုင်က ဆီဆိုင်မီးလောင်မှု ဒဏ်ရာရသူ ၂၀ ကျော်အနက် သေဆုံးသူရှိ
မင်းသန့်စက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဉ်    (ဓါတ်ပုံ- ဘိုဘိုဝင်း)
မင်းသန့်စက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဉ် (ဓါတ်ပုံ- ဘိုဘိုဝင်း)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ဆီဆိုင်မီးလောင်မှုတွင် ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့သည့်အနက် ယနေ့ (နိုဝင်ဘာလ ၈ ရက်) နံနက်ပိုင်းတွင် တဦးသေဆုံးသွားကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

မီးလောင်ပေါက်ကွဲမှုတွင် ပြင်းထန်ဒဏ်ရာရရှိသွားသော ဆီဘောက်ဆာယာဉ်မောင်းသည် မီးလောင်ဒဏ်ရာများဖြင့် ယနေ့ နံနက် ၅ နာရီခန့်က မော်လမြိုင်ဆေးရုံကြီး၌ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ဒဏ်ရာရသူများအနက် ဒဏ်ရာပြင်းထန်သည့် ဘိုဘိုဝင်းအဖွဲ့မှ နှစ်ဦးနှင့် ရွှေနတ်တောင်အဖွဲ့မှ တဦးတို့ကို အတွင်းလူနာအဖြစ် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ကုသနေရကြောင်း ကူညီကယ်ဆယ်ရေးသမားများက ပြောသည်။

“ကျွန်တော်တို့အဖွဲ့က လေးယောက်က မျက်နှာတွေ၊ ပေါင်တွေ တခြားနေရာတွေမှာ ထိခိုက်ဒဏ်ရာတွေရတယ်။ တယောက်ကတော့ ခွဲခန်းဝင်ရတယ်၊ အတွင်းလူနာအနေနဲ့ ကုသခံနေရတယ်။ အဲ့ဒီတယောက်ကတော့ နည်းနည်း အခြေအနေဆိုးတဲ့ အတိုင်းအတာရှိတယ်”ဟု ရွှေနတ်တောင် လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတဦးက ပြောသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်- မုဒုံလမ်းပေါ်၊ ရိုးဂိုးရွာထိပ်ရှိ မင်းသန့်စက်သုံးဆီဆိုင် ယမန်နေ့ (နိုဝင်ဘာ ၇ ရက်) ညနေ ၅ နာရီဝန်းကျင်အချိန်က ဆီလှောင်ကန်အတွင်း ဆီထည့်စဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးငြိမ်းသတ်နေစဉ်မှာပင် ထပ်မံပေါက်ကွဲမှုဖြစ်၍ မီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦး၊ ကူညီကယ်ဆယ်ရေးသမား ၁၂ ဦးနှင့် ဆိုင်ရှင်အမျိုးသားတဦး၊ ဆီဘောက်ဆာယာဉ်မောင်းတဦးတို့ ထိခိုက်ဒဏ်ရာ သွားခဲ့သည်။

“မီးက ငြိမ်းနေပြီ။ ငြိမ်းပြီးတော့မှ လေထွက်သလို ရှူးဆိုတဲ့ အသံထွက်လာပြီးတော့မှ ထပ်ပေါက်ကွဲတာ။ အဲ့ဒီလိုဖြစ်တော့ အနီးအနားမှာ မီးသတ်ဆောင်ရွက်နေတဲ့ မီးသတ်တို့်၊ ကျွန်တော်တို့အဖွဲ့တွေ အားလုံး ထိခိုက်ဒဏ်ရာရခဲ့တာပေါ့။ အားလုံး ၂၂ ယောက်” ဟု ကိုယ်တိုင် မီးငြိမ်းသတ်ခဲ့သည့် လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို ည ၉ နာရီ ၅၅ မိနစ်တွင် အပြီးသတ် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်ဌာနက သတင်းထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - ပဲခူးတိုင်း ဖြူးမြို့နယ် ရွာသစ်ကျေးရွာ အား အကြမ်းဖက်စစ်ကောင်စီမှ ဒရုန်းဖြင့် မီးလောင်ဗုံးများ ပစ်ချ၍ လူနေအိမ်များပျက်စီးနေမှုများ။ (CJ)
January 28, 2026
ဟန်ထူးဇော် — ပဲခူးတိုင်းဒေသကြီး ၊ ဖြူးမြို့နယ်၊ ရွာသစ်၊ ကြိမ်ခါးကုန်း နှင့် မအူပင်ကျေးရွာ...
ဓါတ်ပုံ - ကရင်နီ မယ်စဲ့အကျဉ်းထောင်မှ ထွက်ပြေးလာသည့် သုံ့ပန်း ၆၈ ဦး ကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထိုင်းစစ်တပ်က မြန်မာထံ မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတား မှ လွှဲပြောင်းပေးခဲ့သည်။
January 27, 2026
ဂျူချန်း — ကရင်နီပြည် မယ်စဲ့အကျဉ်းထောင်မှ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသည့်...
January 26, 2026
ဇာမဏီလင်းမောင် — ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ (၁) တွင် မြန်မာအမျိုးသား...
KNA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် (ပုံဟောင်း)
January 24, 2026
စစ်ကော်မရှင် တပ်မ (၂၂) တပ်မမှူးက မြဝတီမြို့ပေါ်မှ ကရင်နယ်အမျိုးသားတပ်မတော် (KNA) တပ်များ...