အမ်းမြို့နယ်တွင် စစ်ဘေးရှောင် သုံးထောင်ကျော် အရေး‌ပေါ်အကူအညီများ လိုအပ်နေ

အမ်းမြို့နယ်တွင် စစ်ဘေးရှောင် သုံးထောင်ကျော် အရေး‌ပေါ်အကူအညီများ လိုအပ်နေ
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် အမ်းမြို့နယ်မှ စစ်ဘေးရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် အမ်းမြို့နယ်မှ စစ်ဘေးရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်မှ စစ်ဘေးရှောင် သုံးထောင်ကျော်မှာ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စသည့် အကူအညီများ အရေးပေါ်လိုအပ်နေပြီး ကူညီထောက်ပံ့မှုများ နည်းပါးသဖြင့် အခက်အခဲများစွာဖြင့် ကြုံတွေ့နေကြရခြင်းဖြစ်သည်။

“အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြရတာ ဖြစ်တယ်။ လတ်တလောမှာ အဝတ်အထည်ကအစ လိုအပ်ချက်တွေပြည့်နေတယ်” ဟု လူမှုကူညီရေးဆောင်ရွက်နေသူ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

ထွက်ပြေးတိမ်းရှောင်သူများထဲတွင် ကလေးငယ်နှင့် သက်ကြီးပိုင်းများ အများဆုံးပါဝင်ပြီး လက်ရှိ ဆောင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ အနွေးထည်များလည်း အရေးပေါ်လိုအပ်လျက်ရှိသည်။

စစ်ဘေးရှောင်များမှာ ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး အန္တရာယ်များကြောင့် ဘေးလွတ်ရာနေရာအသီးသီးသို့ ထွက်ပြေးခိုလှုံလာသူများဖြစ်ပြီး အမ်းမြို့ပေါ်မှ ထွက်ပြေးလာသူများလည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော်(AA)က နပခဌာနချုပ်ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်နေပြီး အမ်းဒေသခံအများအပြားမှာ မြို့ပေါ်တွင် ပိတ်မိနေကြသည်။

“အေအေရဲ့ အကူအညီနဲ့ ထွက်ပြေးကြတာရှိသလို တခြားနည်းလမ်းမျိုးစုံနဲ့ ထွက်ပြေးကြတာတွေလည်း ရှိတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ထွက်ပြေးတိမ်းရှောင်ဖို့ စိန်ခေါ်မှုအများကြီးရှိတယ်။ ဒါကြောင့်လည်း မြို့‌ပေါ်မှာ ပိတ်မိနေသူ အများအပြားရှိနေသေးတယ်” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ဒေသတွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ ၇ သိန်းနီးပါးအထိ တိုးလာနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာစသည့် အရေးပေါ်အကူအညီလိုအပ်ချက် မြင့်မားနေဆဲဖြစ်သည်။

တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီ မရရှိသည့်အပြင် ဒေသတွင်းလူမှုအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုပိုင်းမှာလည်း အားနည်းနေသဖြင့် စစ်ဘေးရှောင်များမှာ ပို၍ အခက်ကြုံနေကြရသည်။

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...