ဗုံးကြဲခံရ၍ မောင်တော ဇူလမွတ်ဆလင်ရွာတွင် နေအိမ်အများအပြား မီးလောင်ပြာကျ

ဗုံးကြဲခံရ၍ မောင်တော ဇူလမွတ်ဆလင်ရွာတွင် နေအိမ်အများအပြား မီးလောင်ပြာကျ
ပုံစာ - လေကြောင်းဗုံးကြဲမှုကြောင့် ဇူလမွတ်ဆလင်‌ကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်အချို့။    ဓာတ်ပုံ - APM
ပုံစာ - လေကြောင်းဗုံးကြဲမှုကြောင့် ဇူလမွတ်ဆလင်‌ကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်အချို့။ ဓာတ်ပုံ - APM

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဇူလမွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်အများအပြား မီလောင်ပြာကျသွားသည်ဟု သိရသည်။

ယမန်နေ့ အောက်တိုဘာ ၃ ရက်၊ နံနက် ၁၀ နာရီနှင့် ညနေ ၇ နာရီခန့်တွင်  ဂျက်ဖိုက်တာဖြင့် ဗုံး ၁၀ လုံးထက်မနည်း ဆက်တိုက်ကြဲချခဲ့မှုကြောင့် မီးလောင်ပြာကျသွားခြင်းဟု သတင်းရင်းမြစ်များက ပြောသည်။

“မနက်ကတည်းက ဗုံးလာကြဲလို့ ရွာကအိမ်တွေ မီးလောင်သွားတယ်။ အဲဒီကတစ်ဆင့် တခြားအိမ်တွေကိုပါ မီးကူးသွားတယ်။ ညဘက်လည်း ဗုံးလာကြဲလို့ မီးထပ်လောင်တယ်။ အိမ်အများအပြား မီးလောင်ပြာကျသွားတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မီးလောင်ပျက်စီးသွားသည့် နေအိမ်အရေအတွက် အသေးစိတ်ကို မသိရှိရသေးပေ။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်ကလည်း ဇူလမွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောက်ပျက်စီးခဲ့ရသည်။

ဇူလကျေးရွာတွင် အိမ်ခြေ ၁,၀၀၀ နီးပါးရှိပြီး မောင်တောမြို့နယ်အတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နခခ-၅ တပ်ရင်းနှင့် လေးဖာလုံခန့်အကွာတွင် တည်ရှိသည်။

 

ယင်းအပြင် ယမန်နေ့က မောင်တောမြို့နယ်၊ ပြားသားကျေးရွာကို လေကြောင်းဗုံးကြဲမှု နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့မှုကြောင့် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို ကျရောက်ပေါက်ကွဲ၍ စစ်ဘေးရှောင် ၄ ဦး သေဆုံးပြီး ကျောင်းထိုင်ဆရာတော်အပါအဝင် ၂ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

စစ်ကောင်စီသည် နခခ - ၅ အနီးရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ပြုလုပ်နေ၍ စစ်ဘေးရှောင်နှင့် ဒေသခံများမှာ ဘေးလွတ်ရာ ပြောင်းရွေ့နေထိုင်နေရသည်။

မောင်တောဒေသခံတစ်ဦးက “ဂျက်လာသံကြားတာနဲ့ ကြောက်လန့်နေရတယ်။ သူတို့က ဘယ်ကို ဗုံးကြဲမယ်မှန်းလဲ မသိဘူး” ဟု ပြောသည်။

မောင်တောမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း လေကြောင်းဗုံးကြဲခံရမှုကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရရှိသူ ၃၁ ဦးထက်မနည်းရှိခဲ့ကြောင့် DMG ၏ စာရင်းပြုစုချက်အရ သိရသည်။

လေကြောင်းဗုံးကြဲမှုကြောင့် ဇူလမွတ်ဆလင်‌ကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်အချို့။ ဓာတ်ပုံ - APM

ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...