တောင်ကုတ်တွင် တစ်ရက်အတွင်း ကျေးရွာနှစ်ရွာ ဗုံးကြဲခံရ၍ အရပ်သား ၁၀ ခန့် သေဆုံးဒဏ်ရာရ

တောင်ကုတ်တွင် တစ်ရက်အတွင်း ကျေးရွာနှစ်ရွာ ဗုံးကြဲခံရ၍ အရပ်သား ၁၀ ခန့် သေဆုံးဒဏ်ရာရ

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မောင်းကျေးရွာနှင့် မီးချောင်းထိုးကျေးရွာကို ယမန်နေ့ အောက်တိုဘာ ၃၀ ရက် တစ်ရက်အတွင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲသွား၍ အရပ်သား ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိ သွားခဲ့သည်။

ဗုံးကြဲအတွင်း မောင်းကျေးရွာမှ မစုမြတ်ဝင်း (၁၄) နှစ်၊ မဝတ်ရည်ဝင်း (၁၄)နှစ်၊ ဒေါ်မကျန်တင် (၄၈)နှစ်နှင့် ဒေါ်ကျန်တင် (၄၉)နှစ်၊ ကိုနိုင်လင်းစိုး (၃၁)နှစ်တို့ သေဆုံးသွားခဲ့ပြီး မစုမာဖြိုး (၁၇)နှစ်၊ ဒေါ်တင်အေး (၆၅)နှစ်၊ ဒေါ်ခင်ခင်စန်း(၄၇)နှစ်၊ ဦးမောင်ဖြူချေ(၃၆) နှစ်နှင့် ဦးသောင်းအေး (၅၆)တို့ ဒဏ်ရာရရှိခဲ့သည်။

“မနေ့က နေ့လည်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လာကြဲသွားတာ။ မောင်းကျေးရွာကို ဗုံးနှစ်လုံးကြဲချသွားတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ လေးယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ တစ်ယောက်ကတော့ ဆေးကုသဖို့ သွားတဲ့လမ်းမှာ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မီးချောင်းထိုးကျေးရွာတွင် ယမန်နေ့ ညဉ့်အချိန်မှာ ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက်ဗုံးကြဲသွားခြင်းဖြစ်ပြီး ထိခိုက်မှု အချို့ရှိပြီး အတိအကျကို မသိရသေးပေ။

ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် မောင်းကျေးရွာသားများမှာ လက်ရှိ ဆေးဝါးကုသမှုခံယူနေပြီး ဒဏ်ရာ အခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။

တောင်ကုတ်ဒေသခံတစ်ဦးက “တောင်ကုတ်မှာက တိုက်ပွဲမဖြစ်တဲ့ နေရာဆိုရင်လည်း စကစ(စစ်ကောင်စီ) က ဗုံးလာကြဲတာပဲ။ လူမဆန်တာတွေပဲ ပြည်သူကို အကြောက်တရားသွင်းနေတာ” ဟု ပြောသည်။ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်ကလည်း  တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့သဖြင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

DMG က ကောက်ယူထားသော စာရင်းအရ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အောက်တိုဘာလအတွင်း ကလေးငယ်၊ အမျိုးသမီးများအပါအဝင် အရပ်သားထိခိုက် သေဆုံးသူ ၄၈ ဦးအထိရှိသည်။

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...