စစ်ကောင်စီဗုံးကြဲမှုကြောင့် မောင်တောဒေသခံ ၄ ဦးဒဏ်ရာရ

စစ်ကောင်စီဗုံးကြဲမှုကြောင့် မောင်တောဒေသခံ ၄ ဦးဒဏ်ရာရ

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၄ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အသက် (၁၀) နှစ်အရွယ် မငြိမ်းစန္ဒာ၊ အသက် (၂၁)နှစ်အရွယ် စိုးနိုင်မင်းနှင့် အသက် (၂၂)နှစ်အရွယ် နေကိုဟိန်းနှင့် (အမည်) စုံစမ်းဆဲတစ်ဦးတို့မှာ ဦးခေါင်း၊ ခြေ၊ လက်နှင့် ခန္ဓာကိုယ်တို့တွင် ဒဏ်ရာရသွားခြင်းဖြစ်သည်။

" ဗုံး ၆ လုံးလောက်ကြဲချခဲ့တယ်။ အခု ဗုံးကြဲခဲ့တဲ့နေရာဟာ လူစည်ကားတာကြောင့် ဒဏ်ရာရသွားကြတာ။ သူတို့တွေကတော့ လက်ရှိ ဆေးကုသမှုခံယူနေကြရတယ်လို့ ကြားရပါတယ် "ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လေကြောင်းဗုံးကြဲမှုကြောင့် ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ဈေးထဲတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုရားသိမ်နှင့် နေအိမ်အချို့ လည်း ပျက်စီးသွားကြောင်း သိရသည်။

အောက်တိုဘာ ၁၄ ရက်ကလည်း မောင်တောမြို့နယ်၊ ဇူလမွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ လာရောက်ဗုံးကြဲခဲ့သောကြောင့် နေအိမ်အချို့ ပျက်စီသွားခဲ့သည်။

တိုက်ပွဲပြင်းထန်နေသည့် မောင်တော နခခ ၅ အနီးကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် နေ့စဉ်နှင့်အမျှ လေကြောင်းဖြင့် လာရောက်ပစ်ခတ်မှုများရှိနေသည်ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

" တိုက်ပွဲကလည်း မပြတ်နိုင်သေးတော့ စစ်ကောင်စီ လေကြောင်းက နေ့ရော၊ညပါ နေ့တိုင်းလိုလို လာရောက်ဗုံးကြဲတာရှိတယ်။ ပြီးတော့ သူတို့ ( စစ်ကောင်စီ) က တိုက်ပွဲဖြစ်တဲ့နေရာ မဟုတ်ရင်လည်း အရပ်သားတွေကို ပစ်မှတ်ထား ပစ်နေတယ် " ဟု သူက ပြောသည်။

လက်ရှိတွင် မောင်တောမြို့၊ နခခ(၅)တပ်ရင်းကို အာရက္ခတပ်တော်က အရှိန်မြှင့်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီးအပြင် လေကြောင်းပစ်ကူတို့ဖြင့် ခုခံနေသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ ရခိုင်ဒေသတွင် စစ်ကောင်စီ၏ စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လေကြောင်း ပစ်ခတ်နေမှုကြောင့် အရပ်သားသေဆုံးဒဏ်ရာရမှုများမှာ နေ့စဉ်ရှိနေသည်။

ရခိုင်တွင် လေကြောင်းပစ်ခတ်ခံရမှုကြောင့် အောက်တိုဘာ ၁ ရက်မှ ၁၆ ရက်နေ့အထိ အရပ်သား ၃၄ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၆၁ ဦးထိရှိလာကြောင်း DMG မှ ကောက်ယူရရှိထားသည့် စာရင်းအရ သိရသည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...