လေကြောင်းဗုံးကြဲမှုကြောင့် ကလေးသူငယ်များ စိတ်ပိုင်း/ရုပ်ပိုင်း ထိခိုက်မှု မြင့်တက်လာ

လေကြောင်းဗုံးကြဲမှုကြောင့် ကလေးသူငယ်များ စိတ်ပိုင်း/ရုပ်ပိုင်း ထိခိုက်မှု မြင့်တက်လာ

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ ထိခိုက်သေဆုံးမှု မြင့်တက်နေပြီး ယခုလအတွင်း ကလေးငယ် ၄ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိထားသည်။

ရခိုင်တွင် အောက်တိုဘာ ၁ ရက်မှ ၁၀ ရက်နေ့ထိ လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၃၁ ဦးသေဆုံးပြီး ၅၃ ဦး ဒဏ်ရာရရှိကာ ယင်းအထဲ ကလေးသူငယ် ၁၃ ဦးပါဝင်ကြောင်း DMG ၏ စာရင်းပြုစုချက်အရ သိရသည်။

သေဆုံးသွားသည့်ကလေးသူငယ်များမှာ တောင်ကုတ် ၃ ဦး၊ ကျောက်တော် ၁ ဦးဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ တောင်ကုတ် ၂ ဦး၊ ကျောက်တော် ၅ ဦး၊ မောင်တော ၂ ဦးဖြစ်သည်။

စစ်ကောင်စီသည် အရပ်သားနေထိုင်ရာ မြို့ရွာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေမှုကြောင့် ကလေးငယ်များမှာ အသက်သေဆုံးမှုအပြင် စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ မြင့်တက်လာနေသည်။

ကျောက်တော်မြို့မှ ကလေးမိခင်တစ်ဦးက “ကလေးက ညအိပ်ရင်တောင် “လေယာဉ်လာတယ် လေယာဉ်လာတယ်” ဆိုပြီး လန့်လန့်နိုးတယ်။ အသံအကျယ်ကြီးတွေ ကြားရင် ကြောက်လန့်နေတယ်။ အနားက မခွာဘူး။ ကျောက်တော်မှာ ဗုံးကြဲခံရတဲ့နေ့တုန်းကဆိုရင် ကလေးက ကြောက်လို့ စကားတောင် မပြောနိုင်တော့တဲ့အထိ ဖြစ်သွားတယ်” ဟု ပြောသည်။

အောက်တိုဘာ ၁၀ ရက်က ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၄ ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့သည်။  

စစ်တွေမြို့နယ်မှ အမျိုးသမီးတစ်ဦးကလည်း “ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်သားသမီးကို ဘာအန္တရာယ်မှ မကျရောက်စေချင်ဘူး။ ခုနစ်ရက်သားသမီးတွေ အားလုံး ဘေးကင်းစေချင်တယ်။ ကိုယ်သေမှာ မကြောက်ဘူး။ သားသမီးကိုပဲ စိတ်ပူတယ်” ဟု ပြောသည်။

ကလေးသူငယ်ဆိုင်ရာဥပဒေအရ ကလေးတိုင်းတွင် ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်ရှိပြီး ကလေးသူငယ်များအပေါ် တစ်နည်းနည်းဖြင့် ထိခိုက်ဒဏ်ရာရစေသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမျိုး မပြုလုပ်ရဟု ပြဌာန်းထားသော်လည်း စစ်ရေးပဋိပက္ခ ပြင်းထန်နေသော မြန်မာနိုင်ငံတွင် ကလေးသူငယ်များမှာ ဥပဒေပါရပိုင်ခွင့်များ ဆုံးရှုံးနေရသည်။

ကလေးသူငယ်များမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိမှုအပြင် စိတ်ဒဏ်ရာရရှိမှုမှာ စိုးရိမ်စရာဖြစ်နေသဖြင့် ကလေးသူငယ်များ၏ စိတ်ဒဏ်ရာများကို ကုစားပေးရန် လိုအပ်နေသည်။

 “ကလေးတွေရဲ့စိတ်ဒဏ်ရာတွေကို ကုစားဖို့ဆိုရင် အရင်ဆုံး သူတို့ရဲ့စိတ်ခံစားချက်ကို လက်ခံ အသိမှတ်ပြုပေးဖို့ လိုတယ်။ ရင်ဖွင့်စကားသံကို ဝေဖန်အပြစ်တင်တာမလုပ်ဘဲ နားထောင်ပေးဖို့ လိုအပ်တယ်” ဟု ကလေးသူငယ်များအား စိတ်ပိုင်းဆိုင်ရာကုစားရေး ဆောင်ရွက်နေသည့် အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရေးကြီးဆုံးအချက်က ဒီလိုဖြစ်စဉ်ကို နင်တစ်ယောက်တည်း ကြုံတွေ့ခံစားရတာမဟုတ် လို့ မပြောမိဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ သူတို့ခံစားချက်ဟာ သာမာန်ဖြစ်စဉ်မျိုး မဟုတ်တာကြောင့် ဖြစ်တယ်”  သူက ဆက်ပြောသည်။

April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...
March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...