တစ်လအကြာ ရေဘေးသင့်‌နေတဲ့ ကရင်နီပြည်က လူဦး‌ရေ သုံးသောင်းနီးပါးအတွက် အကူညီလိုအပ်နေဆဲ

တစ်လအကြာ ရေဘေးသင့်‌နေတဲ့ ကရင်နီပြည်က လူဦး‌ရေ သုံးသောင်းနီးပါးအတွက် အကူညီလိုအပ်နေဆဲ

ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးသင့်ခဲ့တဲ့ ရှမ်း-ကရင်နီ နယ်စပ်ဒေသနဲ့ ကရင်နီပြည်တွင်းမှာ ရေဘေးသင့်ကာလ တစ်လရှိလာပေမယ့် လူဦးရေ ၃၀၀၀၀ နီးပါး အတွက် ပြန်လည်ထူထောင်ရေး အကူညီလိုအပ်နေဆဲဖြစ်တယ်လို့ ကရင်နီကြားကာလ အစိုးရ IEC က ထုတ်ပြန်ထားပါတယ်။

ပြန်လည်ထူထောင်ရေးမှာ နိုင်ငံတကာအသင်းအဖွဲ့တွေရဲ့ ပါဝင်မှုအခန်းကဏ္ဍ ရှိနေပေမယ့် လူထုတွေရဲ့ဆုံးရှုံးမှုက ကြီးမားတာကြောင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ IEC လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနမှူး ခွန်မာတီးယာ ကပြောပါတယ်။

“ရေဘေးသင့်ပြည်သူတွေကို ကူညီဆောင်ရွက်နေတဲ့ အသင်းအဖွဲ့တွေကတော့ အများကြီးပဲပေါ့လေး။ သူတို့ကလည်းရတဲ့ အကူညီကနေပဲ ကူညီဆောင်ရွက်ရတာဖြစ်တယ်။ အဲကြောင့်မို့လို့ နိုင်ငံတကာရဲ့ အကူအညီကတော့ အတော်အသင့်ရှိတယ်လို့ ကျနော်တို့ပြောလို့ရပါတယ်ဗျ”လို့ IEC လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနမှူး ခွန်မာတီးယာ ကပြောပါတယ်။

တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်ဘေးရှောင်နေကြရတဲ့ ကရင်နီပြည်မှာ စစ်ရှောင်ကာလအတွင်း ရေဘေးဒုက္ခထပ်ဆင့်ကြုံတွေ့နေရတဲ့ စစ်ရှောင်စခန်း ၁၆ခု ရှိတယ်လို့ IEC ကပြောပါတယ်။

ပြန်လည်ထူထောင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီဖြစ်တဲ့ အခြေခံစားနပ်ရိက္ခာ၊ အမိုးအကာ‌၊ လောင်စာဆီ ကယ်ဆယ်ရေး အထောက်ပံ့တွေကိုလည်း ရေဘေးသင့် ဒေသအသီးသီးက လူထု ၁၃၀၀၀ဦးအတွက် IECက သက်ဆိုင်ရာက အဖွဲ့အစည်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပေမဲ့ လိုအပ်ချက်ရှိနေဆဲလို့ဆိုပါတယ်။

လူဦးရေ ၂၀၀၀ ကျော် ရေဘေးသင့်ခဲ့တဲ့ နန်းမယ်ခုံမြို့မှာလည်း စပါးစိုက်ခင်း၊ လမ်းတံတား အပြင် စိုက်ပျိုးထားတဲ့ သီးနှံတွေလည်း ‌ရေဘေးကြောင့် အကုန်ပျက်စီးခဲ့ရပြီး လူနေအိမ်တွေလည်း ရေမြှုပ်သွားခဲ့ တာကြောင့် ဒေသခံအကုန်လုံးက စားသောက်ရေးအတွက် ဆုံးရှုံးမှုရှိကြတယ်လို့ ဒေသခံဖြစ်တဲ့ မော်ဌေးမြာက ပြောပါတယ်။

“လယ်တွေကကျတော့ ပြန်ရိတ်လို့မရတော့ဘူး။ အကုန်ပျက်စီးသွားတယ်‌ပေါ့နော။ အနှံတွေလည်းမထွက်တော့ဘူး။ ရေမြှုပ်ကုန်တော့ ရိတ်လို့မရတော့ဘူး။ မည်းကုန်တယ်ပေါ့နော” လို့ ဒေသခံဖြစ်တဲ့ မော်ဌေးမြာက ပြောပါတယ်။

ကရင်နီနဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ကစလို့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုတာ၊ ရေကြီးတာ၊ လမ်းတံတားပျက်စီးတာအပြင် စစ်ရှောင်တဲ ပျက်စီးတာ ဖြစ်ပွားခဲ့ပြီး စပါးအပါအဝင် စိုက်ပျိုးဧက တစ်သောင်းကျော် (၁၀၈၆၇.၄၁ )ဧက ပျက်စီးသွားတယ်လို့ IEC ကပြောပါတယ်။

ကန္တာရဝတီတိုင်း (မ်) ကပြုစုထားတဲ့ စာရင်းအရ ရေဘေးကြောင့် ကရင်နီနဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ သေဆုံးသူ ၄၅ ဦးရှိပါတယ်။ ကရင်နီပြည်တွင်းရှိ လွိုင်ကော်၊ ရှားတော၊ နန်းမယ်ခုံ၊ မယ်စဲ့၊ ဟိုရာ၊ ဒီးမော့ဆိုနဲ့ ရှမ်း-ကရင်နီနယ်စပ်ရှိ ဖယ်ခုံ၊ မိုးဗြဲ မြို့နယ်မှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လူထု ၂၉၇၇၉ ဦးရေဘေးသင့်ခဲ့ရတယ်လို့ IEC ကပြောပါတယ်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...