ထိုင်းတွင် မြန်မာလုပ်သား ဖမ်းဆီးခံရမှုနှင့် ပြန်ပို့ခံရသူဦးရေ ယခင်နှစ်ထက် ပိုများနေ

ထိုင်းတွင် မြန်မာလုပ်သား ဖမ်းဆီးခံရမှုနှင့် ပြန်ပို့ခံရသူဦးရေ ယခင်နှစ်ထက် ပိုများနေ

မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခနှင့်အတူ ကဏ္ဍပေါင်းစုံ၌ အခွင့်အလမ်းနည်းပါးနေမှုကြောင့် မြန်မာပြည်သူများမှာ ပြည်ပနိုင်ငံအသီးသီးသို့ နည်းလမ်းမျိုးစုံဖြင့် နေ့စဉ်နှင့်အမျှ ထွက်ခွာမှုများရှိနေသည်။

ယင်းအထဲတွင် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူ များပြားနေပြီး ထိုင်းအာဏာပိုင်များထံ ဖမ်းဆီးခံရမှုနှင့် စစ်ကောင်စီလက်ထဲသို့ လွှဲပြောင်းခံရသူဦးရေမှာ ယခင်နှစ်ထက် များပြားနေကြောင်း ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများထံမှ သိရသည်။

ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ၏   ဒါရိုက်တာဦးထူးချစ်က “ ထိုင်းနိုင်ငံက အချုပ်တွေမှာ လူတွေ အရမ်းပြည့်ကျပ်နေတယ်။ အရင်တုန်းက လူလေးဆယ်လောက်ဆန့်တဲ့ အချုပ်ခန်းမှာ အခု လူရှစ်ဆယ်၊ တစ်ရာလောက်ကို ထားတယ်။ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေ များလာလေ အဖမ်းအဆီးက ပိုများလေပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် မြန်မာလုပ်သား တစ်သိန်းကျော်ကို စစ်ကောင်စီထံ လွှဲပြောင်းခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလထိ ၉ လအတွင်း ပြန်ပို့ခံရသူဦးရေ တစ်သိန်းကျော် ရှိနေပြီဖြစ်ကြောင်း FED စာရင်းအရ သိရသည်။

ထိုင်းနိုင်ငံတွင် ဇွန်လ ၁ ရက်နေ့မှစ၍ ရက် ၁၂၀ စီမံချက်ဖြင့် တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးပြီး နေရပ်ပြန်ပို့မှု ပြုလျက်ရှိသည်။

ထိုင်းအာဏာပိုင်များသည် ရွှေ့ပြောင်းလုပ်သားများအား စက်ရုံ၊ ဈေးဆိုင် ဆောက်လုပ်ရေး စသည့် လုပ်ငန်းခွင်များ အတွင်းသို့ ဝင်ရောက်ဖမ်းဆီးနေခြင်းလည်း ဖြစ်သည်။

“ကျနော်တို့နိုင်ငံက ပြည်တွင်းစစ်တွေဖြစ်၊ လူ့အခွင့်ရေးချိုးဖောက်၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးပြီး ပညာသင်ကြားမှု အခွင့်အလမ်းရော တအားနည်းတဲ့ နိုင်ငံဖြစ်တယ်။ အလုပ်ရှိသူတွေတောင် လစာနည်းကြတယ်။ အဲဒါကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ ပိုများလာတာ” ဟု ဦးထူးချစ်က ပြောသည်။

ထိုင်းနိုင်ငံ၏ လုပ်ထုံးလုပ်နည်းဥပဒေအရ ဖမ်းဆီးထားသူများအား လဝကဥပဒေဖြင့် တရားစွဲဆိုကာ ထောင် ၁ လမှ ၆ လခန့်အထိ ချပြီးနောက် သက်ဆိုင်ရာနိုင်ငံရှိ အာဏာပိုင်များထံ လွှဲပြောင်းပေးကြောင်း သိရသည်။  

စစ်ကောင်စီ၏ ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ဖြတ်တောက်မှုကို ခံထားရသော ရခိုင်ဒေသမှ ပြည်သူများမှာလည်း အဘက်ဘက်၌ ကျပ်တည်းလာနေသဖြင့် ပြည်ပနိုင်ငံများသို့ ရရာနည်းလမ်းဖြင့် ထွက်ခွာမှုများ တိုးလာနေသည်။

“တရားဝင်သွားဖို့အတွက် ဗီဇာရဖို့ အချိန်ပေးရတာတို့၊ ပြီးတော့ စစ်ဆေးမှု တင်းကျပ်တာတွေကြောင့် တရားမဝင်လမ်းက သွားကြတာများလာတယ်။ လူငယ်တွေက ပိုပြီးသွားကြတယ်။ ရခိုင်မှာ ဘာအလုပ်မှ လုပ်စရာမရှိဘူးလေ” ဟု တောင်ကုတ်မြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...