ပအိုဝ်းဒေသ မဲနယ်တောင် ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်

ပအိုဝ်းဒေသ မဲနယ်တောင် ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်

ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ မရသေးဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်  မဲနယ်တောင်တစ်လျှောက်ရှိ ကျေးရွာများတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် လိုအပ်သည့် အကူအညီများ မရသေးဘူးဟု ဒေသခံများက ပြောသည်။

ဗန်းစောက်ကျေးရွာတွင် နေထိုင်သူ တစ်ဦးက “ကျနော်တို့ရွာ လမ်းတွေက ရေမကြီးရင်တောင် သွားရခက် တယ်။ ချင်းပြည်လမ်းတွေလိုပဲ။ မိုးရာသီဆို ကားဝင်ရခက်တယ်။ အခု ဒီလိုဖြစ်တော့ ပိုဆိုးတာပေါ့။ ထိပ်ဆုံး ရက်မှာတင် လာလှူတဲ့သူတွေ ကားမှောက်ကြလို့ ထပ်မလာရဲကြဘူး” ဟု ပြောသည်။

မဲနယ်တောင်ဒေသတွင် ရေကြီးရေလျှံမှု နောက်ဆက်တွဲဖြစ်သည့် တောင်ပြိုမှု၊ ရွှံ့နွံထူထပ်မှုနှင့် နှုန်းမြေများ တင်ကျန်ခဲ့ခြင်းကြောင့် လမ်းများ ပိတ်ကုန်ပြီး သွားလာရခက်ခဲနေကြခြင်း ဖြစ်သည်။

မဲနယ်တောင်ဒေသ အဝင်လမ်းဖြစ်သည့် ထမ်းအယ်ကျေးရွာတွင် ရေကြီးရေလျှံမှု နောက်ဆက်တွဲ တောင်ကျ ချောင်း ရေများကြောင့် လမ်းများ ပျက်စီးကုန်ပြီး ထိုရွာမှတဆင့် ကျန်သည့်ရွာများဆီ သွားလာနိုင်သည့် အခြေအနေ မရှိသေးဘူးဟု ဆိုသည်။

ဗန်းစောက်နှင့် စငေါကျေးရွာတွင်မူ နှစ်ရွာကြားသာ သွားလာနိုင်ပြီး ထမ်းအယ် အပါအဝင် ကျန်သည့် ကျေးရွာများသို့ သွားလာရန် အခက်အခဲရှိသည်ဟု ဒေသခံများက ပြောသည်။

စငေါကျေးရွာတွင် နေထိုင်သူ တစ်ဦးက “လုံးလုံး သွားလို့မရတာတော့ မဟုတ်ဘူး။ ကား၊ ဆိုင်ကယ်တွေ မရ တာ။ တစ်ဘုတ်ဘုတ်နဲ့ လဲကြတာ။ ရွာအားလုံးတော့ မဟုတ်ဘူး။ တချို့ရွာက ဖိနပ်ရှည်စီးပြီး ခြေလျင်သွား ရင်တော့ ရတယ်။ ဗွက်တွေက လူနစ်လို့ မသွားရဲကြတာ” ဟု ပြောသည်။

မဲနယ်တောင်ဒေသတွင် သွားလာရန်ခဲသည့် ကျေးရွာများမှာ လုံးကွင်း၊ ဗန်းစောက်၊ ကျောက္ကချား၊ ဗန်းကွန်၊ တလျနိုး၊ နောင်စုံ၊ ပင်ခက်၊ ပင်ကလာ စသည့် ကျေးရွာများအပြင် ကျေးရွာပေါင်း ၁၅ ရွာအထိရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာ၊ ရေသန့်၊ အဝတ်ထည်နှင့် ဆေးဝါးများ လိုအပ်နေကြသည်။

မဲနယ်တောင်ဒေသတွင် စက်တင်ဘာလ ၁၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် လူ ၄၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီး အိမ်ခြေ ၃၀၀ နီးပါးခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်များ အရ သိရသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ရာဂီမုန်တိုင်း အဖျားခတ်မှုကြောင့် စက်တင်ဘာ လ တတိယပတ်အထိ မိုးများနိုင်သည်ဟု မိုးဇလက ခန့်မှန်း သတိပေးထားသည်။

ဓာတ်ပုံ - APF/ ပုံဟောင်း
September 1, 2026
တနင်္သာရီတိုင်းအတွင်း လက်လွှတ်လိုက်ရသည့် ဆုံးရှုံးနယ်မြေများနှင့် မဟာဗျူဟာကျသည့် ထားဝယ် ရေနက်...
ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
August 31, 2026
စစ်အုပ်စု၏ ပစ်မှတ်ထား စောင့်ကြည့်ခြင်း၊ နောက်ယောင်ခံလိုက်ခြင်းနှင့် မတရား ဖမ်းဆီးစစ်ဆေးခြင်းများ...