လွိုင်ကော်မြို့မှာ ဘီလူးချောင်းရေ ဆက်လက်မြှင့်တက်နေဆဲဖြစ်ပြီး မြို့ပေါ် ၅ ရပ်ကွက်က ဒေသခံတွေ ရေဘေးရှောင်ရ

လွိုင်ကော်မြို့မှာ ဘီလူးချောင်းရေ ဆက်လက်မြှင့်တက်နေဆဲဖြစ်ပြီး မြို့ပေါ် ၅ ရပ်ကွက်က ဒေသခံတွေ ရေဘေးရှောင်ရ

ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့် ချောင်းဘေးမှာရှိတဲ့ ရပ်ကွက် ၅ခုက ဒေသခံတွေ ရွေ့ပြောင်းနေရတယ်လို့ လူမှုကူညီကယ်ဆယ်ရေး အသင်းတစ်ခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“လွိုင်ကော်မှာကတော့ ရေကတရိပ်ရိပ်တက်နေတယ်။ မင်းကျောင်းတောင်မှ ရေဝင်တယ်ဆိုတော့ တော်တော့်ကိုတက်ပြီပေါ့နော။ ရှမ်းပိုင်းလမ်းမကြီး၊ ရွှေတောင်လမ်းမကြီး အကုန်လုံး ရေတွေ ဖုံးကုန်ပြီ” လို့ သူက ပြောပါတယ်။

ရွှေတောင်၊ မင်းစု၊ ရှမ်းပိုင်း၊ ဒေါနိုးကူး၊ နမ့်ကွတ် စတဲ့ရပ်ကွက်တွေမှာ နေအိမ်အများစု ရေနစ်မြှုပ် နေပြီလို့ သူကပြောပါတယ်။

၁ လေးလုံး စစ်ဆင်ရေးစတင်ပြီးနောက် လွိုင်ကော်မြို့တွင်းမှာ ဒေသခံ အနည်းစုသာ ကျန်ရှိနေတော့တာဖြစ်ပြီး လက်ရှိမှာတော့ ရေဘေးသင့်ဒဏ်ကို ကြုံတွေ့နေရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အစိုးရက ရေဘေးသင့်ပြည်သူအတွက် သာသနာ့ဗိမာန်တော် နဲ့ တခြားနေရာတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်း သုံးခု ဖွင့်ထားပေးပြီး လူဦးရေ ၁၀၀၀ ကျော်ရှိနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရာဂီမုန်တိုင်းဖြတ်သန်းမှုရဲ့ အကျိုးဆက် နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ရေကြီးရေလျှံမှုတွေဟာ မိုးဗြဲရေလှောင်တမံအတွင်းသို့စီးဆင်းပြီး၊ မိုးဗြဲရေကာတာကနေတဆင့် ရေဖောက်ချမှုကြောင့် ဘီလူးချောင်း ရေမြှင့်တက်လာခဲ့တာဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကစလို့ လွိုင်ကော်မြို့တွင်းကို ရေဝင်ရောက်ခဲ့တာဖြစ်ပြီး မြို့ပေါ်က ရပ်ကွက် နဲ့ ဘီလူးချောင်းဘေးက ရပ်ကွက်တွေထဲကို ရေကြီး ရေလျှံမှုဖြစ်ပွားနေတာပါ။

ဒါ့အပြင် လွိုင်ကော်အနောက်ဘက်ခြမ်း ကျေးရွာသုံးရွာမှာလည်း ရွာလုံးကျွတ် နေအိမ် ရေမြှုပ်နေတာ ကြောင့် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ရာဂီမုန်တိုင်းသင့် ပြည်သူ ၅သိန်းခန့် ကို အရေးပေါ်စားနပ်ရိက္ခာတွေကို ထောက်ပံ့ ကူညီဖို့ အတွက် ဆန်၊ အားဖြည့်ဘီစကစ်၊ အာဟာရအထောက်အပံ့ပါဝင်တဲ့ တစ်လစာ စားနပ်ရိက္ခာကို တိုက်ရိုက် ဖြန့်ဝေ သွားမယ်လို့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထုတ်ပြန်ထားပါတယ်။

April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...