သင်ခန်းစာမစ်ရှင် လုပ်နေစဉ် ဆေးသင်တန်းသား ၁၈ ဦး တောင်ကျချောင်းရေနဲ့အတူ မျောပါသေဆုံး ၊ စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမယ်လို့ KNDF ထုတ်ပြန်

သင်ခန်းစာမစ်ရှင် လုပ်နေစဉ် ဆေးသင်တန်းသား ၁၈ ဦး တောင်ကျချောင်းရေနဲ့အတူ မျောပါသေဆုံး ၊ စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမယ်လို့ KNDF ထုတ်ပြန်

ကရင်နီပြည် ၊ ဒီးမော့ဆို အနောက်ဖက်ခြမ်းတစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ဆေးသင်တန်းတစ်ခုမှာ သင်ခန်းစာမစ်ရှင် လေ့ကျင့်ဖို့ ရေချောင်းဖြတ်ရာကနေ တောင်ကျရေနဲ့အတူ ဆေးသင်တန်းသား ၁၈ ဦးမျောပါ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းမှာ မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုးအဆက်မပြတ်ရွာသွန်းနေချိန် မြင့်တက်လာတဲ့ ချောင်းရေတွေနဲ့ အတူ မျောပါခဲ့တာဖြစ်ပါတယ်။

ဆေးသင်တန်းသားတွေရဲ့ မတော်တဆမှု ဖြစ်စဥ်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားပြောဆိုထားပါတယ်။

“ဆုံးရှုံးသွားရတဲ့ ဆေးသင်တန်းသားတွေအတွက် မိသားစုနဲ့အတူ တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ဖြစ်စဉ်ကို ကျနော်တို့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဆောင်ရွက်ပြီး အများပြည်သူကိုချပြ ထုတ်ပြန်သွားပါ့မယ်”လို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက ရေးသားထားပါတယ်။

အဆိုပါ ‌ဆေးသင်တန်းဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ဆေးဌာနကနေ ကြီးမှူး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ဖွင့်လှစ်ထားတဲ့ ဆေးသင်တန်းဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နဲ့ တပ်ပေါင်းစုံတို့ရဲ့ လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ ပိုမိုတိုးတက်ကောင်းမွန်စေဖို့နဲ့ ဆေးတပ်သားတွေ တိုးပွားလာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုအနေနဲ့ မတော်တဆမှုကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဖြစ်စဥ် အသေးစိတ်ကိုတော့ ပြန်လည်အသိပေးထုတ်ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။

Most read this week

January 31, 2026
ကရင်နီပြည်မှာရှိတဲ့ ကိန္နရီပညာရေးစင်တာ (KEC) ကနေ ကရာတေးအားကစားသင်တန်းကို ၃လကြာ...
ဓါတ်ပုံ - KNWO
January 30, 2026
စစ်ကော်မရှင် အာဏာသိမ်းကာလအတွင်း အကြမ်းဖက်မှုပေါင်းစုံကြုံတွေ့နေရတဲ့ အမျိုးသမီးတွေ များလာပြီး...
ဘောလခဲပြည်သူ့ဆေးရုံကို သန့်ရှင်းရေးပြန်လုပ်နေကြတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတွေ့ရစဥ်။ (ဓါတ်ပုံ -ခရိုင်ပြန်/ဆက်)
January 29, 2026
ကရင်နီပြည်၊ ဘောလခဲမြို့မှာ မြို့နယ်ပြည်သူ့ဆေးရုံကို ပြန်ဖွင့်ဖို့ ဆေးရုံးအနီးအနားဝန်းကျင်ကို...
January 28, 2026
ရှမ်း-ကရင်နီနယ်စပ်က မိုး‌ဗြဲမြို့မှာ လတ်တလော မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုမရှိပေမယ့်...