ဖားကန့်မြို့အဝင်တွင် ၃ ရက်မြောက် တိုက်ပွဲပြင်းထန်၊ မြို့ထဲလက်နက်ကြီးကျ၍ ၂ ဦး ဒဏ်ရာရ

ဖားကန့်မြို့အဝင်တွင် ၃ ရက်မြောက် တိုက်ပွဲပြင်းထန်၊ မြို့ထဲလက်နက်ကြီးကျ၍ ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မြို့အဝင် ကျန်ဂပ်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာလ ၆ ရက်) မွန်းလွဲပိုင်းအထိ သုံးရက်မြောက် တိုက်ပွဲပြင်းထန်နေကြောင်း ဖားကန့်မြို့ခံများက ပြောသည်။

သေနတ်သံများ ဖုံးလွမ်းနေသည့် ဖားကန့်မြို့ထဲကို ယနေ့ နံနက်ပိုင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း မြို့ခံများက ပြောသည်။

စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ကာ ဖားကန့်ဗျူဟာကုန်းမှ ဖားကန့်မြို့ အရှေ့ဘက်ခြမ်း ကျန်ဂပ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။

“သုံးရက်ရှိပြီ ဆက်တိုက်၊ တိုက်ပွဲဖြစ်နေတာ၊ ဖားကန့်ဗျူဟာကုန်းကလည်း လက်နက်ကြီးတွေ ဆက်တိုက် ပစ်ကူပေးနေတယ်၊ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိတယ်လို့ ကြားတယ်” ဟု ဖားကန့်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် KPDF တို့ နယ်မြေစိုးမိုးမှု ယူထားသည့် ဖားကန့်အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှု ပြန်ယူရန်အတွက် စစ်ကြောင်းထိုး ဝင်ရောက်လာရာမှ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း စစ်ရေးစောင့်ကြည့်နေသည့် ဒေသခံများက ပြောသည်။

လက်ရှိမှာ တိုက်ပွဲကြောင့် အနီးအနားကျေးရွာများက ဒေသခံ ၁,၀၀၀ ကျော် နေရပ်စွန့်ခွာနေကြရကြောင်း သိရသည်။

ဖားကန့် ဗျူဟာကုန်းကို အကာအကွယ်ပေးနေသော ဖားကန့်ဒေသ၏ အမြင့်ဆုံးတောင်အဖြစ် သတ်မှတ်ထားသည့် လမောင်ဗျူဟာတပ်စခန်းနှင့် တောမှော်တပ်စခန်းကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လလယ် ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေစိုးမိုးမှု ရယူထားသည်။

ဖားကန့်မြို့တဝိုက်က စစ်ကောင်စီတပ်စခန်း အများစုကို KIA၊ KPDF က သိမ်းပိုက်ကာ နယ်မြေစိုးမိုးမှု ရယူထားခြင်းဖြစ်ပြီး ကံဆီးဗျူဟာကုန်း၊ ဖားကန့်ဗျူဟာကုန်း၊ ဖားကန့်ရဲစခန်း၊ ဆိုင်းတောင်စခန်း လယ်ပြင်တပ်စခန်း၊ အောင်ဘာလေ တပ်စခန်းများ ကျန်ရှိနေသေးကြောင်း သိရသည်။

၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...
March 4, 2026
မောင်ခက်နွေ - အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်အတွင်း...