နာဂဒေသရှိ ပါတီများအား ပြည်သူ့လုံခြုံရေး အဖွဲ့တွင် ပါဝင်လိုခြင်းရှိမရှိ မေးမြန်း

နာဂဒေသရှိ ပါတီများအား ပြည်သူ့လုံခြုံရေး အဖွဲ့တွင် ပါဝင်လိုခြင်းရှိမရှိ မေးမြန်း

နာဂဒေသက နိုင်ငံရေးပါတီ နှစ်ပါတီကို ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့ တွင် အဖွဲ့ဝင် လိုခြင်းရှိ မရှိ အဖြေပေးရန် လျို့ဝှက် အကြောင်းကြားလာသည်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ဒေသအဆင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မြို့နယ်အဆင့် နာဂ အမျိုးသားပါတီ (NNP) တို့အား စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ တွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်လိုခြင်း ရှိ မရှိ ဩဂုတ်လ ၂၉ ရက်နေ့က လျှိုဝှက်အကြောင်းကြား မေးမြန်းခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သတ်၍ လုံခြုံရေးအရ အမည်မဖော်လိုသူ နာဂအမျိုးသားပါတီမှ တာဝန်ရှိသူ တစ်ဦး က “ဗဟိုက ဘာပြောလာမလဲ မသိသေးဘူး” ဟု ပြောသည်။

ပါတီဥက္ကဋ္ဌများအား အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း အဆိုပါ လျို့ဝှက် အကြောင်းကြားစာထဲတွင် ရေးသားထားသည်။

နာဂအမျိုးသားပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမဦးဆုံး ရွေးကောက်ပွဲဝင်ခဲ့ပြီး စစ်ကောင်စီထံတွင် လည်း ပါတီမှတ်ပုံတင်ထားသည့် ပါတီဖြစ်သည်။

စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့အား ဖွဲ့စည်းရန် ဩဂုတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး အသက် ၃၅ နှစ် မှ ၆၅ နှစ်ကြား အမျိုးသားများ အားလုံးပါဝင်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ပြည်သူ့လုံခြုံရေးအဖွဲ့အား ပြည်နယ် နှင့် တိုင်းအလိုက် ဒေသအဆင့်ဆင့် ဖွဲ့စည်းရမည် ဖြစ်ပြီး ဆင်နွှဲနေသည့် တိုက်ပွဲများနှင့် ကိုက်ညီသည့် လက်နက်နှင့် စစ်ပစ္စည်းများကို တပ်ဆင်ပေးသွားမည်ဟု ဆိုသည်။

ထို့အပြင် ပြည်သူ့လုံခြုံရေးအဖွဲ့၏ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲခြင်း၊ ထောက်ပို့ လုပ်ပေး ခြင်းနှင့် နည်းဗျူဟာများ လေ့ကျင့်ပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန် ထားသည်။

နာဂဒေသတွင် စစ်ကောင်စီ အနေဖြင့် စစ်မှုထမ်း ဥပဒေအား အကောင်အထည် ဖော်ဆောင်ရွက် နေပြီး လူငယ် စုစုပေါင်း စစ်မှုထမ်း ပထမအသုတ်တွင် အယောက် ၅၀ ဦးထိ ရှိခဲ့သည်ဟု ဒေသတွင်း လေ့လာစောင့်ကြည့် နေသူများက ဆိုသည်။

ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
August 31, 2026
စစ်အုပ်စု၏ ပစ်မှတ်ထား စောင့်ကြည့်ခြင်း၊ နောက်ယောင်ခံလိုက်ခြင်းနှင့် မတရား ဖမ်းဆီးစစ်ဆေးခြင်းများ...
August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...