ကလေးတွင် ယာယီဆေးခန်းဗုံးကြဲခံရ၍ ကာကွယ်ရေးရဲဘော်အချို့ ထိခိုက်သေဆုံး

ကလေးတွင် ယာယီဆေးခန်းဗုံးကြဲခံရ၍ ကာကွယ်ရေးရဲဘော်အချို့ ထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ စော်ဘွားရေရှင်ကျေးရွာ၌ ယာယီဖွင့်လှစ်ထားသည့် ဆေးခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကျဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

စော်ဘွားရေရှင်ကျေးရွာရှိ စာသင်ကျောင်းတွင် ယာယီဖွင့်လှစ်ထားသောဆေးခန်းကို ဩဂုတ်လ ၂၇ ရက် နေ့ မွန်းလွဲ ၃ နာရီကျော်၌ စစ်ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးကြဲ၍ တိုက်ခိုက်သွားခြင်း ဖြစ်သည်။

“ကျောင်းကို ယာယီဆေးခန်းအဖြစ်ဖွင့်ထားတာ။ လူနာစောင့်တဲ့ရဲဘော်ကျဆုံးပြီး ကျန်တဲ့သုံးယောက်က တော့ မစိုးရိမ်ရတဲ့ဒဏ်ရာရခဲ့ပါတယ်” ဟု ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတဦးကမဇ္ဈိမ ကိုပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက်တိုက်ခိုက်ခြင်းဖြစ် သည်ဟုဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှုအပြင် ယာယီဆေးခန်းဖွင့်လှစ်ထားသည့် ကျောင်း ဆောင်ခေါင်မိုးနှင့် နံရံများပျက်စီးသွားခဲ့ကြောင်း သိရသည်။

သတင်းပေါက်ကြားသောကြောင့် ယခုကဲ့သို့ လာရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် အထူးဂရုစိုက်ကြရန်လိုကြောင်း ဒေသခံတဦးက သုံးသပ်ပြောဆိုသည်။

ကလေးမြို့နယ်မြောက်ပိုင်းကို တိုက်ခိုက်ခဲ့သောလေယာဥ်မှာ တံတားဦးလေဆိပ်သို့ ပြန်လည်ဆင်းသက် ခဲ့ကြောင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို စောင့်ကြည့်နေသူများက အသိပေးထားသည်။

ကလေးမြို့နယ်တွင်း၌ စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့များသည် စစ်မှုထမ်းရန်လူငယ်များကို ညဘက်ပိုင်းတွင် ရပ်ကွက်များအတွင်းဝင်ရောက်ဖမ်းဆီးခေါ်ဆောင်နေသဖြင့် စိုးရိမ်နေရကြောင်း ဒေသခံ ထံကသိရသည်။

June 6, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ပူးပေါင်းထားသော တရုတ်ကုမ္ပဏီတခုက...
June 5, 2026
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာရှိ...
June 4, 2026
ပါခွီး — ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်များ လစဥ် ပျှမ်းမျှ ၁၆...
June 3, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်မည်ဆိုပါက ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်...