ရသေ့တောင် ဆားပြင်ကြီးရွာကို စစ်ကောင်စီက ညအချိန် ဗုံးလာကြဲ၍ အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ရသေ့တောင် ဆားပြင်ကြီးရွာကို စစ်ကောင်စီက ညအချိန် ဗုံးလာကြဲ၍ အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ဆားပြင်ကြီးကျေးရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ညအချိန် ဗုံးလာကြဲ၍ အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ယမန်နေ့ သြဂုတ်လ ၂၈ ရက်၊ ည (၁၁) နာရီကျော်က လေကြောင်းမှ ဗုံးလာကြဲ၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ် တစ်ဦးက နိရဥ္စရာကိုပြောသည်။

"ည ၁၁ နာရီကျော်က ဆားပြင်ကြီးရွာကို စစ်ကောင်စီမှ ဗုံးကြဲခဲ့တယ်။ သုံးဦးသေပြီးတော့ ခြောက်ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရတယ်"ဟု ပြောသည်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း ယခုဖြစ်စဥ်ကြောင့် လူသေဆုံးဒဏ်ရာရှိမှုမှာ ဟုတ်မှန်သည်ဟု နိရဥ္စရာကိုပြောသည်။

မိုးစဲကျွန်း ဒေသတစ်ခုလုံးကို စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက် ထားသဖြင့် နိရဉ္စရာအနေဖြင့် ဆက်သွယ်ရခက်ခဲနေသေးသဖြင့် နာမည်နှင့် အသက်ကို တင်ပြပေးနိုင်ခြင်း မရှိသေးပါ။

သြဂုတ်လ ၁၈ ရက်၊ နေ့လယ် ၁ နာရီခန့်ကလည်းရသေ့တောင်မြို့အဝင်ရှိ ဗျိုင်းကျွန်း ဘုန်းကြီးကျောင်းတွင် ဆွမ်းကျွေးပွဲ ပြုလုပ်နေသည်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေးကြိမ်တိုင် ဗုံးလာကြဲခဲ့သည်ဟု သိရသည်။

မေလ ၂၁ ရက်၊ နံနက် ၆ နာရီခန့်ကလည်း မောင်တောမြို့နယ်၊ သဝင်ချောင်းအနီး ပင်လယ်ပြင်တွင် ရပ်နားထားသည့် နေဗီက ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအား မေယုတောင်ကို ကျော်ပြီး လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် သက်ကြီးပိုင်း အရွယ်အမျိုးသားတစ်ဦးသေဆုံးပြီး  အမျိုးသမီးတစ်ဦးအပါအဝင် ၆ ဦးဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။

ရသေ့တောင်မြို့နယ်တစ်ခုလုံးသည် မတ်လ ၁၇ ရက်တွင် စစ်ကောင်စီထံမှ အာရက္ခတပ်တော် (AA)က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

လက်ရှိတွင် ဒေသတွင်းတည်ငြိမ်အေးချမ်းနေသော်လည်း စစ်ကောင်စီက အကြောင်းမဲ့ သက်သက် လာရောက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...