တိုက်ပွဲမရှိဘဲ မိုးခိုရွာစာသင်ကျောင်းအနီးသို့ စာသင်ချိန် စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်

တိုက်ပွဲမရှိဘဲ မိုးခိုရွာစာသင်ကျောင်းအနီးသို့ စာသင်ချိန် စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃) ဆောထိမြို့နယ် ပင်းဒလဆိပ် မိုးခိုရွာ စာသင်ကျောင်းအနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကလေးငယ်များ ကျောင်းတက်ချိန်တွင် စစ်ကောင်စီမှ ဩဂုတ် ၂၀ ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းခံရသည်ဟု နယ်မြေခံတာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း၊ ခလရ-၂၆၄ တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် မိုးခိုရွာစာသင်ကျောင်းအနီး၌ လက်နက်ကြီးကျရောက်ပေါက်ကွဲ ခဲ့ပြီး စာသင်ဆောင် လက်နက်ကြီးအစ အနည်းငယ်ထိသွားခြင်း ဖြစ်သည်။

“လက်နက်ကြီးပစ်တာ တော်သေးလို့တည့်တည့်မကျဘဲ ကျော်ပြီး ဘေးနားလယ်ကွင်း ထဲမှာကျသွားတာ။ တည့်တည့်ကျရင်တော့ ကလေးတွေတော်တော်ထိမှာ။ လက်နက်ကြီးကျတာ ကျောင်းတက်နေတဲ့အချိန်လည်း ဖြစ်တယ်။ ဒါပေမယ့် တော်သေးတစ်ယောက်မှမထိဘူး။ လယ်ထဲကျပြီး လက်နက်ကြီးအစနည်းနည်းဘဲ ကျောင်းဆောင်ကို ထိသွားတယ်” ဟု ဒေသခံတဦးက ကေအိုင်စီသို့ ပြောသည်။

ယခုလို စာသင်ကျောင်းအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်အတွက် ကျောင်းသူကျောင်းသားများ ထိခိုက်မှုမရှိသော်လည်း လုံခြုံမှုမရှိတော့သည့်အတွက် စာသင်ကျောင်းကို ယာယီပိတ်ထားလိုက်ရသည်ဟု ဒေသခံများက ပြောဆိုသည်။

အဆိုပါ မိုးခိုရွာစာသင်ကျောင်းသည် ကျေးရွာက ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသည့် ကြောင်းဖြစ်ပြီး ကိုဗစ် ကပ်ရောဂါ ကာလနှင့် စစ်ကောင်စီအာဏာသိမ်းစကတည်းက ပိတ်ထားလိုက်ရပြီးနောက် ပြန်မဖွင့်နိုင် ဖြစ်ခဲ့သည်။ သို့သော် ယခုနှစ်ပညာသင်နှစ်မှ စ၍ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD ကဦးဆောင်ပြီး မူလတန်းကျောင်းအဖြစ် ပြန်ဖွင့်ပေးခဲ့သည့်အတွက် ဒေသတွင်းကလေးငယ်များ ပညာပြန်သင်ခွင့်ရခဲ့သည်။

ဆောထိမြို့နယ်ထဲရှိ အဆိုပါစစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်မရှိသော်လည်း နေ့ညမပြတ် ပြည်သူများ နေထိုင်သည့် ကျေးရွာများသို့ နေ့စဉ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်ဟု ဒေသခံထံမှ သိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...