ကျေးရွာများအား ပအိုဝ်း ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်၍ ကားဝယ်ပေးခိုင်း

ကျေးရွာများအား ပအိုဝ်း ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်၍ ကားဝယ်ပေးခိုင်း

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စကားမြို့အနီးရှိ ကျေးရွာများအား ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ခြိမ်းခြောက်၍ ကားဝယ်ပေးခိုင်းနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

တောတွင်း အကြမ်းခံ အသုံးပြုနိုင်သည့် 4 wheel ကားများအား တစ်ရွာလျှင် တစ်စီးနှုန်းဖြင့် လာမည့် ဩဂုတ်လ တတိယပတ် နောက်ဆုံးထား၍ ဝယ်ပေးရန် PNA အဖွဲ့ က ညွှန်ကြားထားခြင်း ဖြစ်သည်။

မင်းရွာနေ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “လူတိုင်း ခက်ခဲနေတဲ့ကြားက ဆီတစ်လီတာဘူးတောင် တစ်သောင်းကျော် ပေးဝယ်နေရတာကို သူတို့က ဒီလိုတောင်းတယ်ဆိုတော့ ဒါက ဓါးပြတိုက်တာပဲ။ အရင်က ပအိုဝ်းချင်းချင်းဆို သူတို့ အရမ်းကောင်းတာ။ အခုက သူတို့ အဖေနဲ့ အတူတူ ဖြစ်သွားပြီ” ဟု ပြောသည်။

ညောင်ရွှေမြို့နယ် အတွင်းရှိ မင်းရွာနှင့် နောင်ဗိုကျေးရွာတို့ကို ကားတစ်စီး စီ ဝယ်ပေးရမည်ဟု ခြိမ်းခြောက်ထား ပြီး ဟူးရန်း၊ စကားအင်း၊ လင်လန်နှင့် ဖယ်ခုံမြို့နယ်ရှိ ကုန်းသာကျေးရွာတို့ကိုမူ စစ်အသုံးစရိတ်နှင့် ထမင်းထုပ် များ နေ့စဉ်ပို့ဆောင်ရန် ညွှန်ကြားထားသည်ဟု ဆိုကြသည်။

ဝယ်ယူခိုင်းထားသည့် ကားနှင့် စီစဉ်ခိုင်းထားသည့် ထမင်းထုပ်များအား ထီရီးကျေးရွာသို့ နေ့စဉ် ပို့ဆောင်ရမည် ဖြစ်ပြီး ပျက်ကွက်သည့် ကျေးရွာများကို စစ်ကောင်စီတပ်အား ဗုံးကြဲခိုင်းမည်ဟုဆိုကာ PNA က ခြိမ်းခြောက် ထားသည်။

လင်လန်ကျေးရွာနေ ရွာသူကြီးနှင့် နီးစပ်သူ တစ်ဦးက “ပအိုဝ်းရွာတွေက စစ်မှုထမ်းပါ ပါတယ်။ ၃ ရက်တည်း သင်ပေးပြီး တစ်ခါတည်း ရှေ့တန်းပို့မှာ။ လင်လန်က ရှမ်းရွာဆိုတော့ ရွာလူကြီးက ညှိပေးထားလို့ စာရင်းမပါ ဘူး” ဟု ပြောသည်။

အဆိုပါ ကျေးရွာများမှာ ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်က စစ်ဘေးရှောင်ခဲ့ရပြီး ဩဂုတ်လအစပိုင်းတွင် နေရပ် မပြန်သည့် နေအိမ်များအား PNA က မီးရှို့မည်ဟု ကြေညာထားသဖြင့် ပြန်လာရခြင်း ဖြစ်သည်။

ဒေသခံများအနေဖြင့် စစ်ဘေးရှောင်ရာတွင် ငွေကုန်ကြေးကျများခဲ့ရသည့်အပြင် နေရပ်ပြန်ရောက်လာသည့် အချိန်၌လည်း PNA က အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ခံနေသည် ဖြစ်ရာ ယခုတစ်ကြိမ်တွင် ပေါင်နှံ ရောင်းချမည့် ပစ္စည်းများလည်း မရှိတော့ဟု ဆိုကြသည်။

ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
August 31, 2026
စစ်အုပ်စု၏ ပစ်မှတ်ထား စောင့်ကြည့်ခြင်း၊ နောက်ယောင်ခံလိုက်ခြင်းနှင့် မတရား ဖမ်းဆီးစစ်ဆေးခြင်းများ...
August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...