စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုကြောင့် ကန်ပက်လက်မြို့နယ်က အသက် ၃ နှစ်အရွယ် ကလေးငယ်နဲ့အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုကြောင့် ကန်ပက်လက်မြို့နယ်က အသက် ၃ နှစ်အရွယ် ကလေးငယ်နဲ့အမျိုးသမီးတစ်ဦးသေဆုံး

- ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၃ နှစ်အရွယ်ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၆ လသားအရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

- ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်၊ အရှေ့ပြင်ရပ်ကွက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးသေဆုံးပြီး သမီးဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

- စစ်ကိုင်းတိုင်း ကလေးမြို့ကနေ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ကို ပြေးဆွဲနေတဲ့ မော်တော်ယာဉ်စီးခမှာ လူတစ်ဦးကျပ်ငွေ ၂ သိန်းအထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

Most read this week

December 20, 2025
- ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ၅၆ မြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ဖို့ စစ်ကော်မရှင်က...
December 20, 2025
- မြေရှားသတ္တုအတွက် ကချင်လွတ်တပ်ရေးအဖွဲ့(KIO/KIA)နဲ့ အိန္ဒိယအစိုးရကြား လျှို့ဝှက်သဘောတူညီမှု...
December 19, 2025
- ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(AA)က ဒေသခံ ခူမီးချင်းလူမျိုးတွေကို နေရပ်ကနေ...
December 18, 2025
- ကရင်နီပြည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ‌...