စိုက်ပျိုးမြေနည်းနေတဲ့ ဖရူဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင်တွေ စားနပ်ရိက္ခာပြတ်လပ်နေ

စိုက်ပျိုးမြေနည်းနေတဲ့ ဖရူဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင်တွေ စားနပ်ရိက္ခာပြတ်လပ်နေ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဟိုယာစစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေတယ်လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“ ဒီဖက်မှာကစိုက်ပျိုးလို့မရဘူး၊ ဒေသခံတွေကတောင် ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်နေတာဖြစ်လို့ စစ်ရှောင်တွေအတွက် စိုက်ပျိုးဖို့မြေနေရာ မရှိတဲ့အတွက် စားနပ်ရိက္ခာ အရေးကြီးလိုအပ်တယ်ပေါ့။” လို့ သူကပြောပါတယ်။

ဖရူဆိုမြို့နယ် ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အလှူရှင်တွေဝင်ရောက်မှု ပိုမိုနည်းပါးလာသလို စစ်ရှောင်တွေ ကိုယ်တိုင်စိုက်ပျိုး လုပ်ကိုင်ဖို့အတွက် မြေနေရာတွေမရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာဘဲ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ပေးတဲ့ ဆန်ကို တစ်ယောက် ၂ ပြည်နှုန်းနဲ့သာ ရိက္ခာအဖြစ် နောက်ဆုံးရရှိခဲ့တယ်လို့ သိရပါတယ်။

“စစ်ရှောင်တာက ၃နှစ် ကျော်သွားပြီပေါ့နော်။ အခက်အခဲကတော့ ရှိတာလေးကို ရောင်းစားရတဲ့ အခြေနေမျိုးမှာ ရှိလာပြီးတော့ အကြွေး များလာတာလည်း ရှိလာတယ်။ စားနပ်ရိက္ခာ အခက်အခဲကြောင့် တခါတလေမှာ ဆိုရင် သုံးနပ်စားရမဲ့ဟာကို လျော့စားရမယ့် အနေအထားတွေလည်း ရှိလာတယ်ပေါ့နော်။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ရှောင်ပြည်သူတွေမှာ အလုပ်ကိုင် အခွင့်လမ်းနည်းပါးနေတာကြောင့် အလုပ်လက်မဲ့တွေ ပိုများလာတယ် လို့လည်း သိရပါတယ်။

အဆိုပါ ဟိုယာစစ်ရှောင်စခန်းမှာ အိမ်ခြေ စုစုပေါင်း (၃၇၂) အိမ်ရှိပြီး လူဦးရေ ၁၅၁၅ ဦး ရှိနေပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေ ၁၄၀၀၀ ကျော်ရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်(KCSN) ရဲ့ ဇွန်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...
April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...
April 9, 2026
လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို...
April 8, 2026
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့်...